တတိယအကြိမ်မြောက် Forestry Task Force အစည်းအဝေးကျင်းပခြင်း

2020-12-23 to 2020-12-24

တတိယအကြိမ်မြောက် Forestry Task Force အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား Forestry Reform Matrix Update နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

 

အစည်းအဝေးတွင် Forest Trends မှ Policy Analysis ဖြစ်သူ ဒေါ်ခင်စောဌေးက Forestry Reform Matrix Update နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး အဆိုပါ ရှင်းလင်း တင်ပြချက်များအပေါ်  သစ်တောလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက သိရှိလို သည်များအား မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် Forestry Reform Matrix နှင့်ပတ်သက်၍ အခြားဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် သဘောထားမှတ်ချက်များ ရှိပါက (၈-၁-၂၀၂၁) ရက်နေ့ နောက်ဆုံးထား ပေးပို့ရန်၊ စတုတ္ထအကြိမ်မြောက် Forestry Task Force Meeting အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယပတ် (သို့မဟုတ်) စတုတ္ထပတ်တွင် ညှိနှိုင်း ကျင်းပရန် စသည်ဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ သစ်တောလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်သော အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ နှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍမှ တာဝန်ရှိသူများ၊ အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။