(၁၁) ကြိမ်မြောက် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း

2020-12-30

(၁၁) ကြိမ်မြောက် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီမှ (၃:၃၀)နာရီအထိ မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဦးဆောင်၍ Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးအား Systematic Disclosure Feasibility Study Consultant ငှားရမ်းခြင်း နှင့် BO and Contract Transparency Legal Review Consultant ငှားရမ်းခြင်း၊ BO ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ Contract Transparency လုပ်ငန်းစဉ်၊ ၆ ကြိမ်မြောက် MEITI Summary Data Report နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ပထမအကြိမ် Commodity Trading Report နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

 

အစည်းအဝေးတွင် ပထမဦးစွာ မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ တင်ပြခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးအေးလွင်က Beneficial Ownership နှင့် MSG Governance Review ကိုလည်းကောင်း၊ MEITI ၏ New Secretariat ၊ MOBD (MEITI Office of Budget Department) မှ အရာထမ်းများက  Systematic Disclosure Feasibility Study Consultant ငှားရမ်းခြင်း နှင့် BO and Contract Transparency Legal Review Consultant ငှားရမ်းခြင်း နောက်ဆုံးအခြေအနေများ၊ ဒုတိယအကြိမ် BO ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း အခြေအနေ၊ Contract Transparency လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လက်ရှိအခြေအနေများ၊ ၆ ကြိမ်မြောက် MEITI Summary Data Report ဆိုင်ရာ တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ Programme Manager က ပထမအကြိမ် Commodity Trading Report နှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အသီးသီး ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူးရုံး အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူး ဦးအေးလွင်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လေ့လာသူများအဖြစ် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းကဏ္ဍမှ ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက်ခဲ့ကြပါသည်။