အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပ ပြုလုပ်ခြင်း

2021-01-27 to 2021-01-29

မြန်မာနိုင်ငံ EITI အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးအဖွဲ့ (Beneficial Ownership Task Force) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌ အွန်လိုင်းမှတစ်ဆင့် အစီအစဉ် (၄) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

 

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူက (၁၇) ကြိမ်မြောက် BO Taskforce အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒုတိယအကြိမ် BO ဆိုင်ရာ အချက်အလက်များ ကောက်ယူထားရှိမှုနောက်ဆုံး အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူက သတ္တုရေးရာကဏ္ဍအနေဖြင့်  ဒုတိယအကြိမ် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား လည်းကောင်း၊ Nathan မှ တာဝန်ရှိသူက BO Website ပြင်ဆင်မှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေအားလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

 

BO ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှုများနှင့် စပ်လျဉ်း၍ လက်ရှိတွင် ကုမ္ပဏီအမည်ဖြင့် ဖြည့်သွင်းမှုအား ဆက်လက် ဖြည့်သွင်းသွားရန်နှင့်  လူပုဂ္ဂိုလ်အနေဖြင့် ဖြည့်သွင်းနိုင်ရေး Website အား Modified လုပ်ရန်အတွက် ထည့်သွင်းစဉ်းစားရန်၊ (၅) ကြိမ်မြောက် MEITI အစီရင်ခံစာတွင် ပါဝင်သည့် ကုမ္ပဏီများအတိုင်း လက်ရှိ BO အချက်အလက်ဖြည့်သွင်းမှုအား (၂၁-၂-၂၀၂၁) ရက်နေ့ နောက်ဆုံးထား ဖြည့်သွင်းရန်၊ BO Work plan ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပမည့် BO Task Force Meeting တွင် ဆွေးနွေးသွားရန်၊ Work plan တွင် Real Time ဖြင့်ဆောင်ရွက်မည့် အချက်များအား ထည့်သွင်းသွားရန်၊ နောက်ပိုင်းဖြည့်သွင်းမည့် ကုမ္ပဏီများအနေဖြင့် (၅) ကြိမ်မြောက် MEITI အစီရင်ခံစာတွင် ပါဝင်သည့် ကုမ္ပဏီများအတိုင်း အချက် အလက်များ မဖြည့်သွင်းဘဲ Active Licensing Company များ ကိုသာ ဖြည့်သွင်းသွားရန်၊ ဖြည့်သွင်းမည့် Dead line အား Open ထား၍ Work plan တွင် ထည့်သွင်း ရေးဆွဲရန် စသည်ဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

အဆိုပါ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်‌ရေးအဖွဲ့၏ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများ ပါဝင် တက်‌ရောက်ခဲ့ကြပါသည်။