လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေး ကျင်းပခြင်း

2021-01-12

လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေးကို ၂၀၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် နိုင်ငံတော်သမ္မတရုံး၏ (၁-၁၂-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀ နှင့်အညီ သဘာဝသယံဇာတနှင့်ပတ်သက်၍ EITI စံနှုန်း သတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ လိုင်စင်ခွင့်ပြုမှု၊ စာချုပ်ချုပ်ဆိုမှု၊ စာချုပ် ပြန်လည် ပြင်ဆင်ချုပ်ဆိုမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ရည်ရွယ်၍ Online မှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ တာဝန်ရှိသူက Contract Transparency အကောင်အထည်ဖော်မည့် နိုင်ငံများအနေဖြင့် လိုအပ်ချက်များ၊ Disclosure Process ၊ Activities များ၊  2021 Contract Disclosure Workplan in Myanmar နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ (၁-၁၂-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀ နှင့်အညီ သဘာဝသယံဇာတနှင့်ပတ်သက်၍ EITI စံနှုန်း သတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့်လုပ်ငန်းများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ လိုင်စင်ခွင့်ပြုမှု၊ စာချုပ်ချုပ်ဆိုမှု၊ စာချုပ် ပြန်လည် ပြင်ဆင် ချုပ်ဆိုမှုများအား စာရင်းပြုစုထားရန်နှင့်  စာချုပ်စာတမ်း ထုတ်ဖော်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ Stakeholder များဖြင့် သီးခြား အဖွဲ့တစ်ခု (Contract Transparency Group) အား သက်ဆိုင်ရာဌာနများ၊ အစုအဖွဲ့များမှ ကိုယ်စားလှယ် အမည်စာရင်း တောင်းခံ ဖွဲ့စည်း၍ အစည်းအဝေးတစ်ရပ် ကျင်းပရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီဝင် (အရပ်ဘက် အဖွဲ့အစည်းကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍ) များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။