စတုတ္ထအကြိမ်မြောက် Forestry Task Force အစည်းအဝေးကျင်းပခြင်း

2021-01-28 to 2021-01-29

စတုတ္ထအကြိမ်မြောက် Forestry Task Force အစည်းအဝေးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား Forestry Reform Matrix Update နှင့်ပတ်သက်၍ ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူက တတိယအကြိမ်မြောက် Forestry Task Force အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ဌာန၊ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအားလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းနိုင်ဦးက ၁၉၉၅ မြန်မာ့သစ်တောမူဝါဒ အပေါ် အဆိုပြု ပြင်ဆင်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ သစ်လုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းအတွင်း သစ်လိုအပ်ချက်စာရင်း ကောက်ယူမှုအခြေအနေအား လည်းကောင်း၊ Forest Trends မှ Policy Analysis က Forestry Reform Matrix Update နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး အဆိုပါ ရှင်းလင်း တင်ပြချက်များအပေါ် သစ်တောလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာ့သစ်တောမူဝါဒ ပြင်ဆင်ရန် ဆောင်ရွက်မည်ဆိုပါက စဉ်းစားသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ မြန်မာ့သစ်တောမူဝါဒ ၁၉၉၅ အဆိုပြု ပြင်ဆင် အကြံပြုချက်များအပေါ် ကျွမ်းကျင်သူများအနေဖြင့် ပြင်ဆင် ဖြည့်စွက် အကြံပြုလိုသည်များ ရှိပါက သဘောထားမှတ်ချက် ပေးနိုင်ရန်အတွက် သစ်တောလုပ်ငန်းအဖွဲ့ထံ ဖြန့်ဝေသွားရန်နှင့် သဘောထားမှတ်ချက်များအား (၂၈-၂-၂၀၂၁) ရက်နေ့ နောက်ဆုံးထား ပြန်လည်ပေးပို့ရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ သစ်တောလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်သော အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ နှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍမှ တာဝန်ရှိသူများနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။