(၁၅) ကြိမ်မြောက် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပခြင်း

2020-12-28 to 2020-12-30

(၁၅) ကြိမ်မြောက် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ (၃:၃၀)နာရီအထိ မြန်မာနိုင်ငံ EITI လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား အစီအစဉ် (၁၀) ရပ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးအား BO ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊  ၆ ကြိမ်မြောက် MEITI Summary Data Report နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ Contract Transparency လုပ်ငန်းစဉ်၊ Commodity Trading Report နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

 

အစည်းအဝေးတွင် ပထမဦးစွာ မြန်မာနိုင်ငံ EITI လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ EITI လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးအေးလွင်က အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Systematic Disclosure Feasibility Study Consultant ငှားရမ်းခြင်း နှင့် BO and Contract Transparency Legal Review Consultant ငှားရမ်းခြင်း နောက်ဆုံးအခြေအနေများ၊ ဒုတိယအကြိမ် BO ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း အခြေအနေ၊  Contract Transparency လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လက်ရှိအခြေအနေများ၊ ၆ ကြိမ်မြောက် MEITI Summary Data Report ဆိုင်ရာ တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများကလည်းကောင်း၊ ပထမအကြိမ် Commodity Trading Report နှင့်ပတ်သက်၍ တင်ပြခြင်း၊ Validation Review  Consultant ၏ တွေ့ရှိချက်များနှင့် လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများကလည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများမှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ EITI လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အတူ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်း၊ အတွင်းရေးမှူး မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူး ဦးအေးလွင်၊ မြန်မာနိုင်ငံ EITI လုပ်ငန်းကာ်မတီ အဖွဲ့ဝင်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။