ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေး ကျင်းပခြင်း

2020-12-22 to 2020-12-23

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးအား (၁၁-၁၂-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သည့် Validation Workshop: SNU Assessment အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အချက်များနှင့်ပတ်သက်၍ Consultant မှ ပြန်လည်ရှင်းလင်း တင်ပြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် SNU Consultant ဖြစ်သူ ဦးဘိုဘိုအောင်က SNU Assessment Report အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီ အဖွဲ့ဝင်များက ဦးဘိုဘိုအောင်၏ ရှင်းလင်းတင်ပြမှုအပေါ် မေးခွန်းများမေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် SNU Assessment Report (Draft) နှင့်ပတ်သက်သည့် အကြံပြုချက်များအား စုစည်း၍  MSG တွင် ဆက်လက်တင်ပြရန်SNU Assessment Final Report အား MSG တွင် တင်ပြ အတည်ပြုချက် ရယူရန် နှင့် Publication လုပ်ရန်အတွက် SNU နှင့် ညှိနှိုင်း ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။