နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခြင်း

2020-12-18

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား Project Level Reporting Step (4) Details Flexible Reporting ဖြင့် ဆောင်ရွက်မည့် (၆)ကြိမ်မြောက်နှင့် (၇)ကြိမ်မြောက် MEITI အစီရင်ခံစာနှင့် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက် သစ်တောအစီရင်ခံစာအတွက် လုပ်ငန်းလမ်းညွှန် (ToR) ပြုစုပြီးဖြစ်သည့် ပထမအကြိမ် Commodity Trading Report နှင့် Forestry Digital Data နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

 

အစည်းအဝေးတွင် Project Level Reporting Step (4) Detailsပြုစုပြီးဖြစ်သည့် ပထမအကြိမ် Commodity Trading Report နှင့် Forestry Digital Data နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများကလည်းကောင်း၊ Flexible Reporting ဖြင့် ဆောင်ရွက်မည့် (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာနှင့် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက် သစ်တောအစီရင်ခံစာအတွက် လုပ်ငန်းလမ်းညွှန် (ToR) နှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများကလည်းကောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။

 

ထို့နောက် Flexible Reporting ဖြင့် ဆောင်ရွက်မည့် (၆) ကြိမ်မြောက်နှင့်  (၇) ကြိမ်မြောက် MEITI အစီရင်ခံစာနှင့် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက် သစ်တောအစီရင်ခံစာအတွက် လုပ်ငန်းလမ်းညွှန် (ToR) တွင် ဖော်ပြထားသည့် Phase 2: Identifying Scope အား သဘောတူခဲ့ကြပြီး အစိုးရကဏ္ဍမှ Data များအား အစိုးရဘက်မှလည်းကောင်း၊ လုပ်ငန်းရှင်ကဏ္ဍမှ Data များအား လုပ်ငန်းရှင်ဘက်မှလည်းကောင်း ကောက်ယူ ပြုစု၍ Report တွင် ထည့်သွင်း ဖော်ပြသွားရန် ၊ Data များ ဖြည့်သွင်းရာတွင် ကုမ္ပဏီများအား ဆန္ဒအလျောက် ဖြည့်သွင်းစေရန်နှင့် ToR တွင် Voluntary ကုမ္ပဏီများ၏ အချက်အလက်များ ဖြည့်သွင်းမှုအား ထည့်သွင်းဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

 

အစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီမှ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ နှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။