မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ( ၃၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

2020-12-24 to 2020-12-30

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (:၀၀)နာရီမှ (၄:၀၀)နာရီအထိ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးအား ၆ ကြိမ်မြောက် နှင့် ၇ ကြိမ်မြောက် MEITI အစီရင်ခံစာ နှင့် ၅ ကြိမ်မြောက် နှင့် ၆ ကြိမ်မြောက် သစ်တောအစီရင်ခံစာများအတွက် ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန် (ToR) ၊ ၆ ကြိမ်မြောက် MEITI Summary Data Report အတွက် တိုးတက်မှု အခြေအနေများပထမအကြိမ် Commodity Trading Report အား အများပြည်သူသို့ ထုတ်ပြန်နိုင်ရေး၊ Project Level Reporting နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများBO လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် နောက်ဆုံး အခြေအနေContract Transparency အတွက် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် (၃၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်မှု နောက်ဆုံးအခြေအနေများ၆ ကြိမ်မြောက်နှင့် ၇ ကြိမ်မြောက် MEITI အစီရင်ခံစာနှင့် ၅ ကြိမ်မြောက်နှင့် ၆ ကြိမ်မြောက် သစ်တောအစီရင်ခံစာ များအတွက် Flexible Reporting ToR အား ဆွေးနွေးခြင်း နှင့် အတည်ပြုခြင်း၆ ကြိမ်မြောက် MEITI Summary Data Report အတွက် တိုးတက်မှု အခြေအနေများBO လုပ်ငန်းစဉ်နှင့် BO and Contract Transparency Legal Review Consultant နှင့် Systematic Disclosure Feasibility Study Consultant ငှားရမ်းခြင်း နောက်ဆုံး အခြေအနေများနှင့် Contract Transparency အတွက် ရှေ့လုပ်ငန်းစဉ်များအား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများကလည်းကောင်း၊ ၂၀၂၀ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း NCS မှ MOBD သို့ လုပ်ငန်းလွှဲပြောင်းမှု အခြေအနေများနှင့် လက်ရှိ အခြေအနေများပထမအကြိမ် Commodity Trading Report အား အများပြည်သူသို့ ထုတ်ပြန်နိုင်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ Project Level Reporting နှင့်ပတ်သက်၍ နောက်ဆုံး အခြေအနေများအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများကလည်းကောင်း အစည်းအဝေး အစီအစဉ်အလိုက် တင်ပြ ဆွေးနွေး ခဲ့ကြပါသည်။ ဆွေးနွေးမှုများအပြီးတွင် အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြပြီး မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူး ဦးအေးလွင်၊ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်း၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်က်အဖွဲ့အစည်းကဏ္ဍ ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လေ့လာသူများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့၏ နာယကများလုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။