မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ( ၃၄ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

2020-12-10

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ၌ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

() ကြိမ်မြောက်နှင့် () ကြိမ်မြောက် EITI အစီရင်ခံစာနှင့် () ကြိမ်မြောက်နှင့် () ကြိမ်မြောက် သစ်တောကဏ္ဍ အစီရင်ခံစာ ထုတ်ပြန်မှုပုံစံနှင့် ပတ်သက်၍ ရွေးချယ်ထားသည့် အစီရင်ခံမည့် နည်းလမ်းကို အတည်ပြုရန်၊ EITI လုပ်ငန်းစဉ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေ များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များ ညှိနှိုင်း ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် ပထမဦးစွာ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ( ၃၃ ) ကြိမ်မြောက် MEITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက် အကောင်အထည်ဖော်မှု အခြေအနေများ၊ () ကြိမ်မြောက်နှင့် () ကြိမ်မြောက် EITI အစီရင်ခံစာနှင့် () ကြိမ်မြောက်နှင့် () ကြိမ်မြောက် သစ်တောကဏ္ဍ အစီရင်ခံစာ ထုတ်ပြန်မှုပုံစံနှင့်ပတ်သက်၍ Flexible Reporting နည်းလမ်းဖြင့်ရွေးချယ်မှု နောက်ဆုံး အေြခအေနများကို ြမန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများကလည်းေကာင်း၊ 6th MEITI Summary Data Report (မူကြမ်း) ပြုစုမှု နောက်ဆုံးအခြေအနေများ၊ Systematic Disclosure Feasibility Study Consultant ငှားရမ်းခြင်းနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ BO and Contract Transparency Legal Review Consultant ငှားရမ်းခြင်းနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ BO Data Collection နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများက လည်းကောင်း၊ Mining Cadaster Phase (II) အကောင်အထည်ဖော်မှု နောက်ဆုံးအခြေအနေများကို သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူကလည်းကောင်း၊ SNU validation Workshop ကျင်းပနိုင်ရန် နှင့် Corrective Action (12) ချက်နှင့် ပတ်သက်၍ အကောင်အထည်ဖော် ပီးစီးမအား သုံးသပ်ရန် Consultant ငှားရမ်းထားရှိမအခြေအနေများအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများကလည်းကောင်း အစည်းအဝေးအစီအစဉ်အလိုက် တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုများအပြီးတွင် အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြု ချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူး ဦးအေးလွင်၊ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်း၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၏ နာယကများဖြစ်ကြသည့် မန္တလေးတိုင်းေဒသြကီး၊ ကချင်ြပည်နယ် နှင့် တနင်္သာရီတိုင်းေဒသြကီးမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဝန်ကြီးများ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်း ညှိနှိုင်းေဆာင်ရွက်ေရးအဖွဲ ့ အတွင်းရေးမှူးးများနှင့် အဖွဲ ့ဝင်များ၊ ဖွံ ့ြဖိ ုးေရးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။