မြန်မာနိုင်ငံ EITI ၏ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub National Coordination Unit-SNU) များအား လေ့လာဆန်းစစ်မှု (SNU Assessment) အခြေအနေနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

2020-12-11

မြန်မာနိုင်ငံ EITI  ၏  တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) များ အား လေ့လာဆန်းစစ်မှု (SNU Assessment) အခြေအနေနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

SNU များ ပိုမို အားကောင်းလာစေရန်နှင့် အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် ပံ့ပိုးမှုများ ‌ထောက်ပံ့နိုင်စေရန် ရည်ရွယ်၍ Peace Nexus Foundation နှင့် Oxfam Myanmar တို့မှ Consultant တစ်ဦး ငှားရမ်းခဲ့ပြီး အဆိုပါ Consultant က လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော SNU လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

 

အစည်းအဝေးတွင် ပထမဦးစွာ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ EITI နှင့် မြန်မာနိုင်ငံ EITI အကြောင်းအား မိတ်ဆက်တင်ပြခဲ့ပါသည်။ ထို့နောက် Consultant က SNU Assessment Report အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) အဖွဲ့ဝင်များက SNU Assessment Report  အပေါ် သုံးသပ် အကြံပြုချက်များပေး၍ ဆွေးနွေးခဲ့ကြပါသည်။

 

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) များ၏ နာယကများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။