လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေး ကျင်းပခြင်း

2020-12-18 to 2020-12-19

လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ် (၃:၀၀) နာရီတွင် OD Consultant ဖြစ်သူ Ms. Emma Irwin ရေးဆွဲထားသော MSG Governance Report (Draft) နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရန် ရည်ရွယ်၍ Online မှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် OD Consultant ဖြစ်သူ Ms. Emma Irwin က MSG Governance Review: Key Findings and Recommendations များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများမှ မေးခွန်းများ မေးမြန်း ဆွေးနွေးခဲ့ကြပြီး Ms. Emma Irwin ရေးဆွဲထားသော MSG Governance Report အပေါ် အဖွဲ့ဝင်များ၏ အကြံပြုချက်များအား (၂၃-၁၂-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည် ပေးပို့ရန်နှင့် အကြံပြုချက်များအား စုစည်းပြုစုပြီး MSG သို့ တင်ပြ ဆွေးနွေးရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီဝင် (အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍ) များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။