လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေး ကျင်းပခြင်း

2020-12-04

လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီတွင် MEITI လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ Online မှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Country Officer ဖြစ်သူ Mr. Edwin Wuadom Warden က Formulating Effective Work plans and Measuring Results in a COVID-19 ERA နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ယင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ EITI အနေဖြင့် လည်း ရှေ့ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ အကြံပြုလာသည့် Results-Based Management Approach အတိုင်း Work Plan ရေးဆွဲရန် အတွက် MSG တွင် ဆွေးနွေးရန် ဟူ၍ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ Country Officer ဖြစ်သူ Mr. Edwin Wuadom Warden နှင့် ဖွံ့ဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။