EITI ဥက္ကဋ္ဌဆုအတွက် အဆိုပြုလွှာ

2019-05
Category : Other Reports

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈-၁၉) ရက်နေ့များ၌ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ပြင်သစ်အစိုးရမှ ကျင်းပခဲ့သော (၈) ကြိမ်မြောက် EITI နိုင်ငံတကာညီလာခံသို့ သယံဇာတကဏ္ဍ ပွင့်လင်းမြင်သာမှုအတွက် လုပ်ငန်းစဉ်နှင့် ဦးစားပေးရမည့်ကိစ္စရပ်များအား ဆွေးနွေးအမြင်ဖလှယ်နိုင်ရန် ကမ္ဘာတစ်ဝန်းမှ ပတ်သက်စပ်နွယ်သူပေါင်း (၁၀၀၀) ကျော်တက်ရောက်ခဲ့ကြသည်။ "Open Data, Build Trust" ခေါင်းစဉ်ဖြင့် ဦးတည်သည့် ဤညီလာခံတွင် EITI အကောင်အထည်ဖော်ဆောင်နေသော နိုင်ငံများ၏ ဦးဆောင်မှု၊ သန္နိဌာန် ပြတ်သတ်မှုနှင့် လုပ်ဆောင်နိုင်စွမ်းများအား အသိအမှတ်ပြုသည့်အနေဖြင့် "EITI Chair's Awards" များချီးမြှင့်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ EITI မှ ယင်းဆုအတွက် မိမိနိုင်ငံအား အဆိုပြုလွှာ တင်သွင်းခဲ့ပြီး ထိုအဆိုပြုလွှာတွင် မြန်မာနိုင်ငံ၏ EITI အကောင်အထည်ဖော်ဆောင်မှုလုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများအား ဖော်ပြထားရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အညီ လုပ်ဆောင်နေသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး၊ တွင်းထွက်သယံဇာတနှင့်သက်ဆိုင်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်လည်း ချိတ်ဆက်ထင်ဟပ်ထားပါသည်။ ဤအဆိုပြုလွှာအား မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များနှင့် စွမ်းဆောင်ရည်အခက်အခဲများအား ပေါ်လွင်စေရန် ရည်ရွယ်၍ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။