Mission and Vision

မျှော်မှန်းချက်

နိုင်ငံနှင့် တိုင်းရင်းသားပြည်သူတို့၏ ရေရှည်အကျိုးစီးပွားအတွက် သယံဇာတ တူးဖော် ထုတ်လုပ်ရေး ကာလတွင် ကောင်းမွန်သော စီမံအုပ်ချုပ်မှု နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုကို ရရှိလာစေရန်

ရည်ရွယ်ချက်

•    သဘာဝသယံဇာတ စီမံခန့်ခွဲမှု နှင့် ဆက်စပ်သော သတင်းအချက်အလက်များ၊ ယင်း လုပ်ငန်းများနှင့် ပတ်သက်သော အခွန်ဘဏ္ဍာဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာ      ရရှိလာစေရန်။

•    EITI စံနှုန်းနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာ အားပေးသော ရပ်ဝန်းတစ်ခု ပေါ်ပေါက်တည်ရှိလာစေရန်။

•    EITI ဖော်ဆောင်ခြင်းအားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သော သဘာဝသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်   ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူ ဖြစ်စေရန်။