(၂၂) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2019-07

(၂၂) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၌ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင်  ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇-၁၉) တွင် ကျင်းပခဲ့သည့် 2019 Global EITI Conference နှင့်ပတ်သက်၍ အတွေ့အကြုံများအား မျှဝေဆွေးနွေးရန်၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်းလုပ်ငန်းစဉ် (Validation) နောက်ဆုံးအခြေအနေနှင့် ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးရန်၊ Grant Extension ၊  MOU ၊ Comprehensive Work Plan ၊ Beneficial Ownership နှင့် ပဉ္စမအကြိမ်မြောက်အစီရင်ခံစာကိစ္စရပ်များအား ဆွေးနွေးရန်ကျင်းပခဲ့ခြင်းဖြစ်သည်။