(၂)နှစ်စာ MEITI Reconciliation အစီရင်ခံစာကိုပြင်ဆင်နိုင်ရန်အတွက် အစိုးရဝန်ကြီးဌာနအသီးသီးမှ အလုပ်အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် ပူးတွဲကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ

2017-09

မြန်မာEITI လုပ်ငန်းစဉ်အားပိုမိုသိရှိနားလည်စေရန်နှင့်၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွက်(၂)နှစ်စာ MEITI Reconciliation အစီရင်ခံစာကိုပြင်ဆင်နိုင်ရန်အတွက်ဝန်ကြီးဌာန(၃)ခုအောက်ရှိ အစိုးရဌာနအသီးသီးမှ အလုပ်အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် ပူးတွဲကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ

ဆွေးနွေးပွဲ၏အဓိကရည်ရွယ်ချက်မှာ အစိုးရအလုပ်အဖွဲ့ဝင်များအားMEITI လုပ်ငန်းစဉ်၊ အစီရင်ခံစာအချိန်ဇယားနှင့် MEITI  2016 စံနှုန်းအကြောင်း သိရှိနားလည်စေရန်နှင့် သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ အစိုးရဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကာလတွင် MEITI လုပ်ငန်းစဉ်၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ အစိုးရ၏ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့် MEITI ၏ အခန်းကဏ္ဍ၊ သယံဇာတစီမံအုပ်ချုပ်ခြင်းနှင့် EITI လုပ်ငန်းစဉ်တွင် အစိုးရပိုင်း၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို ရှင်းလင်းတင်ပြခြင်း၊ MEITIလုပ်ငန်းစဉ်နှင့် အစီရင်ခံစာအချိန်ဇယားအကြောင်းနှင့် ပထမအကြိမ်အစီရင်ခံစာအတွက် အကြံပြုချက်များအကြောင်းကို ရှင်းလင်းတင်ပြခြင်းနှင့် ယခုနှစ်အတွက်ဌာနဆိုင်ရာများအတွက် ယင်းအကြံပြုချက်များအတွက် ပြင်ဆင်ထားချက်များအား ဆွေးနွေးခဲ့ခြင်း၊ ၂၀၁၆EITIစံနှုန်းနှင့် အရင်နှစ်က reporting   template များအကြောင်းဆွေးနွေးခြင်းတို့အပြင် ဌာနဆိုင်ရာအလိုက် အောက်ပါခေါင်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။

•ဒုတိယနှင့်တတိယအကြိမ် MEITI အစီရင်ခံစာပြုစုရာတွင် အစိုးရကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့နိုင်သည့် စိန်ခေါ်မှု/အခက်အခဲများကို ဆွေးနွေးခြင်း

•ယင်းစိန်ခေါ်မှု/အခက်အခဲများကို မည်သို့ရင်ဆိုင်ကျော်လွှားလို့ရမလဲ။

•ယင်းစိန်ခေါ်မှုများအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ။

•ရှေ့ဆက်မည်သို့ဆက်လက်ဆောင်ရွက်မလဲ။