မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး MEITI ၏ ပထမအကြိမ် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှ ရရှိလာသောအချက်အလက်များအပေါ် သုံးသပ်ချက်

2020-03
Category : MEITI Reports

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား၍ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍရှိ ကုမ္ပဏီများ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများကို ဖော်ထုတ်ရမည်ဆိုသည့် EITI စံနှုန်းနှင့် သက်ဆိုင်ရာလိုအပ်ချက်များကို လိုက်နာရန် မြန်မာနိုင်ငံ EITI အဖွဲ့မှ ၂၀၁၆-၂၀၁၇ ခု၊ ကဏ္ဍာရေးနှစ်ကိုလွှမ်းခြုံသည့် စတုတ္တအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာတွင်ပါ၀င်သည့် ကုမ္ပဏီ (၁၆၂) ခုအား ၎င်းတို၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများကို ဖော်ထုတ်ရန် တောင်းဆိုခဲ့သည်။