(၄) ကြိမ်နှင့် (၅) ကြိမ် မြောက် အစီရင်ခံစာများအတွက် သတင်းထုတ်ပြန်ချက်

2020-08
Category : Other Documents

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့သည် EITI  စံနှုန်းနှင့်အညီ EITI အစီရင်ခံစာများအား နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ပြုစုထုတ်ပြန်ရာတွင် လွတ်လပ်သော အစီရင်ခံစာပြုစုသည့်အဖွဲ့များ (Independent Administrators) ငှားရမ်းကာ သယံဇာတကဏ္ဍနှင့် ဆက်နွယ်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် သယံဇာတကဏ္ဍကုမ္ပဏီများ၏ စာရင်းကိန်းဂဏန်းအချက်အလက်များကို တိုက်ဆိုင်ညှိနှိုင်းလေ့ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်) အထိ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ကျောက်မျက် ကျောက်စိမ်း၊ သတ္တုနှင့် ပုလဲကဏ္ဍတို့ လွှမ်းခြုံပါဝင်သည့် အစီရင်ခံစာ (၅) စောင်အား ပြုစုထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါသည်

(၄) ကြိမ်နှင့် (၅) ကြိမ် မြောက် အစီရင်ခံစာများအား ၂၀၁၉ ခုနှစ်၊ မတ်လနှင့် ၂၀၂၀ ခုနှစ်၊ မတ်လများတွင် EITI စံနှုန်းနှင့်အညီ အသီးသီးထုတ်ပြန်ခဲ့ပြီး အများပြည်သူများ ပိုမိုသိရှိစေနိုင်ရန်အတွက် အစီရင်ခံစာထုတ်ပြန်ကြေညာခြင်းအခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။