မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပတ်သက်သော EITI ၏ ၂ နှစ်တာ အစီရင်ခံစာအား ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်မည်။

2017-10

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပတ်သက်သော EITI ၏

၂ နှစ်တာ အစီရင်ခံစာအား ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်မည်။

အောက်တိုဘာလ ၂ ရက်၊ ၂၀၁၇ ခုနှစ်

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာဖော်ဆောင်ရေး  (MEITI –Myanmar Extractive Industries   Transparency   Initiative) ၏ ၂၀၁၄- ၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခုနှစ် ၂ နှစ်တာ အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပါသည်။ နိုင်ငံတကာ EITI ဘုတ်အဖွဲ့၏ အကဲဖြတ်ခြင်းကိုခံရမည့် အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံအား EITI  တင်းပြည့်၊ စံချိန်မီနိုင်ငံတစ်နိုင်ငံအဖြစ်သို့ တရားဝင်ဖြစ်လာစေရန် အထောက်အပံ့အပြည့်အဝ ဖြစ်စေမည်ဟု မိမိတို့အနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်။