(၁၆) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2018-10

အစည်းအဝေးတွင် (၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုနှင့် ဆက်စပ်အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အကဲဖြတ်ဆန်းစစ်အ တည်ပြုခြင်း (Validation) အခြေအနေများ၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ ရေးသားရန် အခြေအနေများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လုပ်ငန်းစဉ်၊ ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအပြီးသတ်အစီရင်ခံစာ၊ Pre-Cadaster Working Group၊ ဓါတ်သတ္တုမြေပုံအညွှန်း (Mineral and Gemstone Cadaster) တို့နှင့် သက်ဆိုင်သည့်  နောက်ဆုံး အခြေအနေများ၊ ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ များထုတ်ပြန်မည့်အခမ်းအနားအစီအစဉ်များနှင့် အခြားအထွေအထွေကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ဇမ်ဘီယားနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှလည်း ခရီးစဉ်အတွေ့အကြုံများအား ဆွေးနွေးတင်ပြခဲ့သည်။