၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ခုနှစ် ၂ နှစ်စာ Reconciliation အစီရင်ခံစာကို ပြင်ဆင်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ

2017-09

အီးအိုင်တီအိုင်လုပ်ငန်းစဉ်အား သိနားလည်စေခြင်းနှင့် ၂၀၁၄-၁၅ နှင့်၂၀၁၅-၁၆ခုနှစ် ၂ နှစ်စာ Reconciliation အစီရင်ခံစာကို ပြင်ဆင်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ

၁။အလုပ်ရုံဆွေးနွေးပွဲ အကြောင်းအရာ အကျဉ်းချုပ်အီးအိုင်တီအိုင်လုပ်ငန်းစဉ်အား သိနားလည်စေခြင်းနှင့်၂၀၁၄-၁၅ နှင့်၂၀၁၅-၁၆ ခုနှစ်၂နှစ်စာ Reconciliation အစီရင်ခံစာကို ပြင်ဆင်နိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍနှင့် ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်၊  စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Summit  Parkview ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အီးအိုင်တီအိုင် လုပ်ငန်းစဉ်အား သိနားလည်စေခြင်းနှင့် ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ခုနှစ်၂ နှစ်စာ Reconciliation အစီရင်ခံစာကို ပြင်ဆင်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ၏သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကျောက်မျက် ကျောက်စိမ်းကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ သတ္တူတွင်းလုပ်ငန်းမှ ကိုယ်စားလှယ်များ၊ ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် ဖက်စပ်သစ်တောလုပ်ငန်းမှ ကိုယ်စားလှယ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် MEITI-NCS ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ပုဂ္ဂလိကကဏ္ဍမှမြန်မာနိုင်ငံ၏ အီးအိုင်တီအိုင်လုပ်ငန်းစဉ်တစ်ခုလုံးကို သိရှိနားလည်နိုင်စေရန်၊ နယ်ပယ် သတ်မှတ်လေ့လာခြင်း အစီရင်ခံစာကို ဆန်းစစ်နိုင်ရ န်ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန်နှင့် Reconciliation အစီရင်ခံစာအတွက် အချိန်တိုအတွင်းပံ့ပိုးမှုများ ပြုလုပ်နိုင်ပြီး သတင်းအချက်အလက်များ ကောက်ယူရာတွင် အဆင်ပြေ ချောမွေ့မှုများရှိစေရန်အတွက် အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန် တို့ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကာလ တစ်ရက်တာအတွင်း အီးအိုင်တီအိုင်အကြောင်းသိနားလည်စေရန်နှင့် ၎င်း၏လုပ်ငန်းစဉ်(အချိန်ဇယား) အားရှင်းလင်းတင်ပြခြင်း၊ ၂၀၁၆ အီးအိုင်တီအိုင်စံနှုန်းများအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ပထမအကြိမ်MEITI အစီရင်ခံစာအတွက် အကြံပြုချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် ယခုနှစ်တွင် ဆုံးဖြတ်အတည်ပြုထားသည့် ထည့်သွင်း မည့်အချက်များအားတင်ပြဆွေးနွေးခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများအတွက်ညှိနှိုင်းခြင်းနှင့် ဆက်သွယ်ရမည့်ကိုယ်စားလှယ်များစာရင်းရယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။