(၂၉) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးမှတ်တမ်း

2020-07

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၌ Online မှတစ်ဆင့် အရေးပေါ်ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးမှတ်တမ်း

(၂၉) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များက သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးအရေးပေါ် ခေါ်ယူ ပေးရန် အကြောင်းကြားလာပါသဖြင့် သုံးပွင့်ဆိုင်ညွန့်‌ပေါင်းအဖွဲ့ဥက္ကဋ္ဌထံသို့ တင်ပြ၍ လမ်းညွှန်ချက် တောင်းခံကာ  သုံးပွင့်ဆိုင် ညွန့်‌ပေါင်း အဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ  (၂၉) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့အစည်းအဝေးအား အရေးပေါ် ကျင်းပခဲ့ခြင်းပါသည်။ အစည်းအဝေး၌ အောက်ပါအကြောင်းအရာများအား အဓိကထား ဆွေးနွေးခဲ့သည် -

  • လုပ်ငန်းကော်မတီ (Working Committee)  နှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ် (MSG) တို့၏ လုပ်ပိုင်ခွင့် အခန်းကဏ္ဍအား ပြန်လည် ဆွေးနွေး အသိပေးခြင်း
  • နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးနှင့် ဆွေးနွေးခဲ့သည့် မြန်မာ EITI လုပ်ငန်းစဉ်၏ အကောင် အထည် ဖော်မှုနှင့် ထိရောက်မှုများကို ပြန်လည်သုံးသပ်ရေး အတွက် ဆွေးနွေးခြင်း
  • MEITI ဘတ်ဂျက် ၃.၅ သန်းနှင့်ပတ်သက်၍ နောက်ဆုံး အခြေအနေများအား တင်ပြခြင်း