BO Website Launch Press Statement

2020-10
Category : Other Documents

EITI လုပ်ငန်းစဥ်အရ သယံဇာတကဏ္ဍနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ၊  နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း စုစုပေါင်း (၁၆၂) ခု၏ အကျိုးအမြတ် ရရှိပိုင်ဆိုင်သူများ၏ အချက်အလက်များအား အများပြည်သူများ သိရှိစေရန် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ သည် EITI အဖွဲ့ဝင်နိုင်ငံများအနက် စံနမူနာ ရှေ့ပြေးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ဒုတိယအကြိမ်နှင့် ရှေ့ဆက် ထုတ်ပြန်ခြင်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ https://bo.dica.gov.mm အား အသစ်ပြန်လည် ပြင်ဆင်ထားရှိခဲ့ပါသည်။ ယင်းအင်တာနက် စာမျက်နှာ https://bo.dica.gov.mm နှင့်ပတ်သက်၍ အများပြည်သူများ ပိုမိုသိရှိ လေ့လာနိုင်ပါရန်နှင့် သယံဇာတကဏ္ဍရှိ ကုမ္ပဏီများက BO လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းပါဝင်နိုင်ပါရန် ရည်ရွယ်၍ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ လွှင့်တင်ခြင်းခမ်းအနား (BO Website Launch) အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၁၀) နာရီမှ (၁၂း၃၀) နာရီအထိ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။