ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေး

2020-08

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့၌ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူးရုံး၊ ရန်ကုန်တွင်ကျင်းပခဲ့သည့် ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးမှတ်တမ်း



၁။ ရည်ရွယ်ချက်

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအားအောက်ပါအစီအစဉ်များအား အဓိကထား ဆွေးနွေးရန် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်သည် -

  •  (၄) ကြိမ်မြောက် MEITI အစီရင်ခံစာနှင့်ပတ်သက်၍ သတင်းမီဒီယာများအားတွေ့ဆုံရှင်းလင်းပွဲ ကျင်းပရန်အတွက် ဆွေးနွေးရန်
  •  (၄) ကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာထုတ်ပြန်ကြေညာခြင်းအခမ်းအနားကျင်းပရန် အတွက် ဆွေးနွေးရန်
  •  ဒုတိယအကြိမ်မြောက် တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်‌ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးရန်
  •  SNU များ ဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက် ဆွေးနွေးရန်