နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅) ရက်)

2020-08

နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား အောက်ပါရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သည် -

(၂၉) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစည်းအ‌ဝေး၌ EITI အကောင် အထည်ဖော်ဆောင်မှုနှင့်ပတ်သက်၍ ဘုံရည်မှန်းချက်များ၊ ရလဒ်နှင့် အကျိုးသက်ရောက် မှုများ၊ Key Performance Indicator များအား Technical and Reporting Sub-committee တွင် တက်ကြွစွာ ဆွေးနွေးချမှတ်ရန်၊ Technical and Reporting Sub-committee မှ စုံလင်စွာ တက်ရောက်ရန်၊ ၅-၈-၂၀၂၀ ရက်နေ့တွင် EITI Impact and outcome assessement နှင့် key performance များအား ဆွေးနွေးရန်၊  ၆-၈-၂၀၂၀ ရက်နေ့တွင် Final Inception Report for 1st MEITI Commodity Trading Report အား ဆွေးနွေးရန်၊ လူချင်းတွေ့ဆုံရန် အဆင်မပြေပါက အွန်လိုင်းမှ အစည်းအဝေးတက်ရောက်နိုင်ရန်အတွက် ညှိနှိုင်း ဆောင်ရွက် ရန် နှင့် EITI Impact and outcome assessement နှင့် key performance နှင့်ပတ်သက်၍ ရရှိလာသည့် ဆွေးနွေးသဘောတူညီချက် များအား MEITI ချန်ပီယံထံ ဆက်လက်တင်ပြ၍ အတည်ပြုတရားဝင် ဖြစ်စေရန် အတွက် ဆက်လက် လုပ်ဆောင်ရန်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

အဆိုပါဆုံးဖြတ်ချက်အရ Final Inception Report for 1st MEITI Commodity Trading Report အား ဆွေးနွေးရန်၊ Project level Reporting နှင့်ပတ်သက်၍ ဆွေးနွေးရန်၊ Standard Reporting template နှင့်ပတ်သက်၍ ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည်။