(၂၈) ကြိမ်မြောက်သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးမှတ်တမ်း

2020-06

 (၂၈) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးအား အောက်ပါ ရည်ရွယ်ချက်များဖြင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည် -

  • ပဉ္စမအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၊ တတိယ အကြိမ်နှင့် စတုတ္ထအကြိမ် သစ်တောကဏ္ဍ အစီရင်ခံစာ ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ တင်ပြရန်၊
  • ထွက်ရှိပြီးဖြစ်သော ပထမအကြိမ်မှ ပဉ္စမအကြိမ် MEITI အစီရင်ခံစာများအား နှိုင်းယှဥ်ချက် ပြုစုရန်ကိစ္စအား ဆွေးနွေးရန်၊
  • Commodity Trading Report နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရန်၊
  • (၆) ကြိမ်မြောက်အစီရင်ခံစာ (Uniliteral) ထုတ်ပြန်မှု၊ (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် အစီရင်ခံစာ ထုတ်ပြန်မှု နှင့်ပတ်သက်၍ IA ToR ပြင်ဆင်ခြင်း၊ ဘဏ္ဍာငွေဆိုင်ရာ လိုအပ်ချက်၊ Timeline နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရန်၊
  • MEITI Work Plan and Budget (3.5 million), MEITI Long Term Work Plan နှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အချို့အတွက် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများမှ ဘဏ္ဍာငွေထောက်ပံ့ထားမှု အခြေအနေ၊ MDTF ပြင်ပအခြား Development Partner များမှ ဘဏ္ဍာငွေ ထောက်ပံ့ရယူခြင်း အတွက် Procurement Procedure များအား ဆွေးနွေးတင်ပြရန်၊
  • NCS နှင့်ပတ်သက်သည့် စာရင်းစစ်အစီရင်ခံစာနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများအား တင်ပြရန်၊
  • ပုလဲကဏ္ဍမှ မြန်မာတာဆာကီကုမ္ပဏီ၏ လုပ်ဆောင်နေမှုများ နှင့်ပတ်သက်၍ ဆွေးနွေးရန်၊
  • Validation လုပ်ငန်းစဉ်နှင့်ပတ်သက်သော Corrective Action (၁၂) ချက်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအား ဆွေးနွေးရန်၊
  • Contract Transparency လုပ်ငန်းစဉ်ဆောင်ရွက်မှုနှင့် ပတ်သက်သည့်အခြေနေများအား တင်ပြ ရန်၊
  • ဒုတိယအကြိမ် BO အချက်အလက်များ ဖွင့်ဟဖော်ထုတ်ခြင်း၊ BO Phase II Web Developer ကိစ္စရပ်တို့နှင့် ပတ်သက်၍ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ် များအား တင်ပြရန်၊
  • Organizational Structure Development Consultant ငှားရမ်းမှုနှင့်ပတ်သက်၍တင်ပြရန်၊
  • Mining Cadastere လုပ်ငန်းစဉ်နောက်ဆုံးအခြေအနေအား တင်ပြရန်၊
  • ဖွဲ့စည်းပြီးဖြစ်သော SNU (၆) ခုမှ နာယကများက လုပ်ငန်းစဉ် ဆောင်ရွက်ချက်အနှစ်ချုပ်များ အား တင်ပြရန်နှင့်
  • အထွေထွေကိစ္စရပ်များအား ဆွေးနွေးရန်