(၂၃) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ အစည်းအဝေး မှတ်တမ်း

2019-08

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့အစည်းအဝေးမှတ်တမ်း

၁။ ရည်ရွယ်ချက်

(၂၃) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့အစည်းအဝေးအား အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည် -

  • နိုင်ငံတကာ EITI ညှိနှိုင်းရေးမှူးရုံးမှ မြန်မာနိုင်ငံ၏ လက်ရှိ Validation အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရန်
  • ၂၀၁၉ EITI စံနှုန်း၊ စာချုပ်စာတမ်းများ ပွင့်လင်း မြင်သာမှု၊ Project-level Reporting အား ရှင်းလင်းတင်ပြရန်
  • ရှေ့မြန်မာနိုင်ငံ EITI လုပ်ငန်းစဥ်များနှင့် စွမ်းရည်မြှင့်တင်ခြင်းများတွင် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ ရှေ့ဆက်ပံ့ပိုးနိုင်မှုများအား ရှင်းလင်းတင်ပြရန်
  • အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဥ် (Beneficial Ownership – BO) ၏ နောက်ဆုံးအခြေ အနေများဖြစ်သည့် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ အခြေ
  • အနေ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် တွေ့ဆုံမှုများ၊ (၆) ကြိမ်မြောက် BO Task Force အစည်း အဝေး မှ ဆုံးဖြတ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲ များ၊ BO Template နှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်း တင်ပြရန်
  • MEITI Work Plan Review Workshop ရလဒ်နှင့် MEITI Work Plan (မူကြမ်း) ၊ ရေရှည်လုပ်ငန်းအစီအစဥ် Grant Cost Extension အားရှင်းလင်းတင်ပြရန်
  • MEITI Work Plan တွင်ထည့်သွင်းထားသည့် Validation လုပ်ငန်းစဉ်မှပြင်ဆင်ဆောင်ရွက် ရမည့် Corrective Action များအား ရှင်းလင်းတင်ပြရန်
  • နောင် MEITI အစီရင်ခံစာများနှင့်ပတ်သက်သည့် အခြေ အနေများဖြစ်သည့် (၅) ကြိမ်မြောက် MEITI အစီရင်ခံစာ ပြုစုမည့် Independent Administrator (IA) ငှားရမ်းခြင်း အခြေအနေ၊ (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် အစီရင်ခံစာများ တင်သွင်းရမည့် အချိန်ကာလများအား ရှင်းလင်းတင်ပြရန်
  • (၄) ကြိမ်မြောက် MEITI အစီရင်ခံစာ ထုတ်ပြန် ခြင်းအခမ်းအနားအစီအစဉ်အား ရှင်းလင်း တင်ပြခြင်း
  • Exposure to Mining Decentralization Indonesia Trip အတွေ့အကြုံများအား ရှင်းလင်း တင်ပြရန် အပါအဝင် အထွေထွေကိစ္စရပ်များအား ဆွေးနွေးရန်