စတုတ္ထအကြိမ် MEITI အစီရင်ခံစာအနှစ်ချုပ်

2020-03
Category : MEITI Reports

ဤအစီရင်ခံစာတွင် EITI ၏ လုပ်ငန်းစဉ်တစ်ခုအဖြစ်  တွင်းထွက်သယံဇာတ လုပ်ငန်းများမှ ရရှိသည့် အခွန်နှင့်အခွန်မဟုတ်  သောဘဏ္ဍာငွေများအား တိုက်ဆိုင်စစ်ဆေးသည့်အချက်အလက်များအား အနှစ်ချုပ်တင်ပြထားသည်။ ထို့အပြင် တွင်းထွက် သယံဇာတ ကုမ္ပဏီများထံမှ အစိုးရဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOE) များကကောက်ခံရရှိသည့်ဘဏ္ဍာငွေများအား တိုက်ဆိုင်ညှိနှိုင်းသည့်အချက်အလက်များနှင့် SOE များထံမှ  ပြည်ထောင်စုဘတ်ဂျက်သို့ စီးဝင်သည့် ဘဏ္ဍာ ငွေစီးဆင်းမှုကိုလည်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့က သဘောတူထားသည့်အတိုင်း ဤစတုတ္ထအကြိမ် EITI အစီရင်ခံစာတွင် ကဏ္ဍ(၄)ခုဖြစ်သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ(ထုတ်လုပ်မှုကာလ)၊ ရေနံနှင့် သဘာဝဓါတ်ငွေ့သယ်ယူပို့ဆောင်ခြင်းကဏ္ဍ၊ ကျောက်မျက်ကျောက်စိမ်းကဏ္ဍ၊ ဓါတ်သတ္တုနှင့်ပုလဲကဏ္ဍတို့အား စာရင်းတိုက်ဆိုင်ညှိနှိုင်းထားပါသည်။ ပြီးခဲ့သည့်နှစ်များ၏ အစီရင်ခံစာများ၌ ပုလဲကဏ္ဍအား တိုက်ဆိုင်ထားခြင်းမရှိပါ။ ထို့ပြင်နောက်နှစ် EITI အစီရင်ခံစာလုပ်ငန်းနယ်ပယ်တွင် Down-stream sector (အရောင်းကာလ)အား MSG မှ စာရင်းတိုက်ဆိုင်ညှိနှိုင်းခြင်းလုပ်ငန်းစဉ်တွင် ထည့်သွင်းအကဲဖြတ်နိုင်ရန် ရည်ရွယ် ၍ယခုအစီရင်ခံစာ၌ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ(အရောင်းကာလ)မှရရှိသည့် ရောင်းချမှုဘဏ္ဍာငွေ အချက်အလက်များကို လည်း ဖော်ပြထားပါသည်။