COVID -19 သက်ရောက်မှုများ၊ ရိုက်ခတ်မှုများနှင့် တုံ့ပြန်ဆောင်ရွက်မှု

ကမ္ဘာ့ကပ်ရောဂါ Covid-19 အရှိန်ရလာချိန်၌ လက်ရှိအခြေအနေများကို ရင်ဆိုင်နေရသည့် EITI နိုင်ငံများအားလုံးကို မိမိတို့၏ ပံ့ပိုးနိုင်မှုအခြေအနေအား EITI ဘုတ်အဖွဲ့ကိုယ်စား တင်ပြလိုပါသည်။

ကမ္ဘာတစ်ဝှမ်း၌ ဗိုင်းရပ်ပြန့်ပွားမှုကြောင့် နက်နဲသည့် စိန်ခေါ်မှုများနှင့် မခန့်မှန်းနိုင်သည့် အခြေအနေများ ရင်ဆိုင်နေရသည်ကို မိမိတို့ သိရှိနားလည်ထားပါသည်။ တစ်ချိန်တည်းမှာ ရေနံနှင့် အခြားကုန်ပစ္စည်းများ၏ စျေးကွက်တန်ဖိုး မတည်ငြိမ်မှုသည်လည်း အစိုးရများ အပေါ် တွင်းထွက်ကဏ္ဍ ဘဏ္ဍာငွေ အပေါ်မူတည်၍ နောက်ဆက်တွဲ ရိုက်ခက်မှုများလည်း ရှိလာပါလိမ့်မည်။ တစ်ချို့နိုင်ငံများတွင် ကုန်ပစ္စည်းတန်ဖိုးများ အနည်းငယ်ပြောင်းလဲသွားသည် နှင့် ကုမ္ပဏီများ အကျိုးအမြတ်ရရှိမှု ထိခိုက်ရုံသာမက အစိုးရ၏ ဘဏ္ဍာငွေရရှိမှုလည်း သိသိသာသာ သက်ရောက်မှု ရှိနိုင်ပါသည်။ လက်ရှိစျေးနှုန်းများအပေါ် အခြေခံ၍ သုံးသပ်ရမည်ဆိုလျှင် စမ်းသပ်ရှာဖွေခြင်းနှင့် စီမံကိန်းအသစ်များ အကောင်အထည် ဖော်ခြင်း နှောင့်နှေးနိုင်ခြင်း သို့မဟုတ် ဖြတ်သိမ်းခြင်းများ ဖြစ်နိုင်ပါသည်။ လက်ရှိ စီမံကိန်းများ ပိတ်သိမ်းသွားနိုင်ပြီး ပြန်လည်ပြုပြင်ခြင်း အခြေအနေမျိုးအား မိမိတို့ အနေဖြင့် ကြိုတင်မှန်းဆနိုင်ပါသည်။ ကုမ္ပဏီများ၊ ၎င်းတို့၏ ဝန်ထမ်းများနှင့် ထောက်ပံ့သူ Supplier များအပေါ်လည်း သက်ရောက်ပါလိမ့်မည်။ ပြင်းထန်သည့် သက်ရောက်မှုကို ကြုံတွေ့ရမည့်သူများတွင် တွင်းထွက်ကဏ္ဍလုပ်ငန်းများအား မှီတည်နေရသည့် ထိခိုက်လွယ်သည့် အုပ်စု၊ အဖွဲ့အစည်းများ ပါဝင်လာနိုင်ပါသည်။

အချို့နိုင်ငံများတွင် အစိုးရနှင့် ဆက်စပ်ပတ်သက်သူ Stakeholders များသည် ပိုမိုဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများအား အချိန်ပေး လုပ်ဆောင်နေရမည် ဖြစ်သဖြင့် EITI အကောင်အထည်ဖော်မှုတွင် ရေတို နှောင့်နှေးမှုများ ရှိလာနိုင်သည်ကို ရှောင်လွှဲ၍ မရနိုင်ပါ။ ရေရှည်အားဖြင့် နည်းပညာဆိုင်ရာအထောက်အပံ့များ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပြန်ကြားဆက်သွယ်ရေးနှင့် ဖြန့်ချိမှုလုပ်ငန်းစဉ်များတွင် နှောင့်နှေးမှုများ ရှိလာနိုင်ပါသည်။ နိုင်ငံတကာ EITI အတွင်း‌ရေးမှူးရုံးအနေဖြင့် ဤစိန်ခေါ်မှုများအား တုံ့ပြန်ပြီး အလိုက်သင့် လိုက်လျောညီထွေမှုရှိစေရန် နိုင်ငံအဆင့် EITI ဆက်စပ်ပတ်သက်သူများနှင့် အနီးကပ်လက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း၌ ခရီးသွားလာခြင်း၊ ကုန်သွယ်ခြင်းနှင့် နေ့စဉ်ဘဝများတွင် ကန့်သတ်ချက်များအား ကြုံတွေ့နေရပါသည်။ ဤအခြေအနေကို အလိုက်သင့်တုံ့ပြန်ခြင်းအနေဖြင့် (၄၇) ကြိမ်မြောက် EITI ဘုတ်အဖွဲ့ အစည်းအဝေးအား ဇွန်လအတွင်း၌ Online မှ ကျင်းပမည် ဖြစ်ပါသည်။

ယခင်က ထိုအခြေအနေများ မရင်ဆိုင်ခဲ့ရကာ မိမိတို့အနေဖြင့် အလုပ်လုပ်မည့်ပုံအား တီထွင်ကြံဆရန် လိုအပ်ပါသည်။ လက်ရှိပြည်သူ့ကျန်းမာရေး အခြေအနေများမှ သင်ယူသိရှိ လိုက်ရသည့် သင်ခန်းစာတစ်ခုမှာ ပွင့်လင်းမြင်သာမှု လိုအပ်ခြင်းပင် ဖြစ်ပါသည်။ နက်နဲသိမ်မွေ့သည့် မသေချာမှု ရင်ဆိုင်နေရချိန်တွင် ပွင့်လင်းမြင်သာမှု ပိုမိုမြှင့်တင်နိုင်စေရန်နှင့် စီမံအုပ်ချုပ်မှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် EITI ၏ လုပ်ဆောင်မှုသည် အရေးကြီးမြဲဖြစ်ပါသည်။

EITI နိုင်ငံများအား တွင်းထွက်ကဏ္ဍ၌ ပွင့်လင်းမြင်သာမှု ပိုမိုမြှင့်တင်နိုင်စေရန်နှင့် စီမံအုပ်ချုပ်မှု ပိုမိုတိုးတက် ကောင်းမွန်လာစေရန် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးကလည်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းသော်လည်း တွင်းထွက်ကဏ္ဍသည် နိုင်ငံအများစု၏ ဖွံ့ဖြိုးမှုအတွက် အင်ဂျင်တစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး လက်ရှိ ကျန်းမာရေး အကြပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်နေသည့် ရန်ပုံငွေ အရင်းအမြစ်တစ်ခု အဖြစ်လည်း ရှိနေဆဲဖြစ်ပါသည်။

ယခုအကြပ်အတည်းကာလပြီးနောက် လုပ်ငန်းများ တည်ငြိမ်မှု ရှိစေရန် လုပ်ဆောင်ခြင်းများ လိုအပ်လာပါမည်။ ယင်းလုပ်ငန်းစဥ်တွင် အပြန်အလှန်ဆွေးနွေးရန်နှင့် စုပေါင်း‌ဆောင်ရွက်ရမည့် ချဥ်းကပ်နည်းများအတွက် အခန်းကဏ္ဍအား မိမိတို့ မြင်တွေ့ရပါသည်။ လက်ရှိ အကြပ်အတည်းများနှင့် လက်ငင်းဖြစ်ပေါ်မည့် နောက်ဆက်တွဲ အခြေအနေများတွင် EITI သုံးပွင့်ဆိုင်ဖွဲ့စည်းပုံသည် မည်သို့ အကောင်းဆုံးပံ့ပိုးနိုင်သည်ကို ထည့်သွင်းစဥ်းစားနိုင်စေရန် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ EITI လုပ်ငန်းစဥ်တွင် အားပေး ပူးပေါင်းနေသည့် ကုမ္ပဏီများ၊ နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် မိမိတို့ အသင့် ရှိနေပါသည်။

ကြားဖြတ်ကာလ၌ ဆက်စပ်ပတ်သက်သူများအားလုံးသည် အများပြည်သူကျန်းမာရေးကို လုံခြုံစေသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရန်နှင့် လက်ရှိအခြေအနေ၏ အတိမ်အနက်ကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းပါသည်။ မိမိတို့၏ နိုင်ငံများတွင်း ချမှတ်ထားသည့် မည်သည့် လှုပ်ရှားမှု ကန့်သတ်ချက်မဆို လေ့လာလိုက်နာကြစေလိုပြီး အားလုံး လုံခြုံ၍ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Helen Clark

ဥက္ကဋ္ဌ၊ EITI ဘုတ်အဖွဲ့

Source: EITI ၊ 27 Mar 2020