ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

(၆) ကြိမ်မြောက် MEITI Summary Data Report အတွက် ကနဦးရွေးချယ်ထားသည့် Statistician မှ တင်ပြလာသည့်် လုပ်ငန်းအစီအစဉ်အပေါ် ညှိနှိုင်းဆွေးနွေးရန်တွက် ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် (၆) ကြိမ်မြောက် MEITI Summary Data Report အတွက် လုပ်ငန်းလမ်းညွှန် (ToR) တွင်ပါဝင်သည့် လုပ်ငန်းနယ်ပယ်များနှင့် ကနဦးရွေးချယ်ထားသည့် Statistician မှ တင်ပြလာသည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းစဉ်အချိန်ဇယားများအား ဆွေးနွေးခဲ့ကြသည်။ ထို့‌နောက် Statistician အတွက် စာချုပ်ချုပ်ဆိုခြင်းနှင့် အစီရင်ခံစာပြုစုသည့်လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အစည်းအဝေးများ ကျင်းပနိုင်ရန်အတွက်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးသို့ ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်တက်‌ရောက်ခဲ့သည်။