မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၃) ကြိမ်မြောက်အစည်းအဝေးကျင်းပခဲ့

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၃) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ နေ့လယ် ၁း၀၀ နာရီ၌ အွန်လိုင်းဖြင့် ကျင်းပခဲ့သည်။

MEITI Validation Corrective Action (၁၂) ချက် အကောင်အထည်ဖော်မှု နောက်ဆုံးအခြေအနေများ၊ (၄၈) ကြိမ်မြောက် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက်များ၊ MEITI Commodity Trading Report ထုတ်ပြန်မှု၊ 6th MEITI Summary Data Report ပြုစုရန် Statistician ငှားရမ်းခြင်း နောက်ဆုံးအခြေအနေများနှင့် ဒေတာ ကောက်ယူမှု အခြေအနေများ၊ BO လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ 6th MEITI Summary Data Report ပြုစုရန် Statistician ငှားရမ်းခြင်း နောက်ဆုံးအခြေအနေများနှင့် ဒေတာ ကောက်ယူမှု အခြေအနေများ၊ MSG Governance ၊ Code of Conduct အပါအဝင် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များ၏ တိုးတက်မှုအခြေအနေများအား တင်ပြဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပထမဦးစွာ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့တွင် အရပ်ဘက်ကဏ္ဍမှ ကိုယ်စားလှယ် အသစ်များ ပါဝင်တက်ရောက်လာသဖြင့် အဆိုပါကိုယ်စားလှယ်များက အသီးသီးမိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ (၃၂) ကြိမ်မြောက် MEITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အကောင်အထည်ဖော်မှု အခြေအနေများ၊ MEITI Validation Corrective Action (၁၂) ချက် အကောင်အထည်ဖော်မှု နောက်ဆုံးအခြေအနေများနှင့် MSG Governance ၊ Code of Conduct နှင့် NCS ရုံးနှင့်စပ်လျဉ်းသည့် Audit Report နှင့်ပတ်သက်သည့်အခြေအနေများအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့သည်။ (၄၈) ကြိမ်မြောက် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက်များနှင့် New Validation Model တို့နှင့်စပ်လျဉ်း၍ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံး၏ အ‌ရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသ EITI ဆိုင်ရာ Country Officer ဖြစ်သူ Mr. Edwin Wuadom Warden နှင့် အာရှနှင့်ပစိဖိတ်ဒါရိုက်တာ Ms. Marie Gay Alessandra Ordenes တို့က ရှင်းလင်းမျှဝေခဲ့သည်။ ထို့နောက် MEITI Commodity Trading Report ထုတ်ပြန်မှုနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ စီမံကိန်းမန်နေဂျာက လည်းကောင်း၊ 6th MEITI Summary Data Report ပြုစုရန် Statistician ငှားရမ်းခြင်း နောက်ဆုံးအခြေအနေများနှင့် ဒေတာ ကောက်ယူမှု အခြေအနေများနှင့် BO လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများ အား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) က တာဝန်ရှိများကလည်းကောင်း၊ MOBD-NCS လုပ်ငန်းလွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်ထားမှုများကို မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ စီမံကိန်းမန်နေဂျာက လည်းကောင်း အစည်းအဝေးအစီအစဉ်အလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီးတွင် အစည်းအဝေးဆုံးဖြတ်ချက်များအား အတည်ပြုချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌဖြစ်သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူး ဦးအေးလွင်၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၏ နာယကများဖြစ်သည့် သယံဇာတကဏ္ဍဝန်ကြီးများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး ဦးမျိုးသစ်၊ ကချင်ပြည်နယ်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး ဦးဒါရှီးလဆိုင်း အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။