နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခြင်း

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ နေ့လယ် (၁) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးအား 6th Summary Data Report ကိစ္စရပ်များအား ဆွေးနွေးရန်၊ Contract Transparency EITI Requirement 2.4 Update နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် Statistician ဒေါက်တာ သောင်းဌေးက 6th Summary Data Report (မူကြမ်း)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အနှစ်ချုပ် တင်ပြ ခဲ့သည်။ ထို့နောက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) Technical Team မှ မြန်မာနိုင်ငံ EITI အတွင်းရေးမှူးရုံးမှ ပေးပို့လာသော Contract Transparency EITI Requirement 2.4 Update အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ 6th Summary Data Report (မူကြမ်း) နှင့်ပတ်သက်၍ Technical and Reporting Sub Committee အဖွဲ့ဝင်များအနေဖြင့် သဘောထား မှတ်ချက်များအား (၁၀-၁၂-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားပေးရန် ဆွေးနွေးခဲ့ကြပါသည်။ 

အစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီမှ အစိုးရ၊ ပုဂ္ဂလိက နှင့် အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။