နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခဲ့

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ နေ့လယ် (၁) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား Project Level Reporting လုပ်ငန်းစဉ် အဆင့် (၃) အား ဆွေးနွေးရန်၊ Final Commodity Trading Report အား သုံးသပ်ဆွေးနွေးရန် နှင့် Quasi-fiscal expenditure Study

၊ Systematic Disclosure Feasibility Study တို့အတွက် Consultant ရွေးချယ်ငှားရမ်းရန်ကိစ္စရပ်များအား ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ နည်းပညာညှိနှိုင်းရေးတာဝန်ခံက Project Level Reporting လုပ်ငန်းစဉ် အဆင့် (၃) "မည်သူက မည်သည်ကို အစီရင်ခံသင့်ကြောင်း

ခွဲခြားဖော်ထုတ်ခြင်း" ကိစ္စရပ်များအတွက် ဆွေးနွေးရန် အချက်များအား တင်ပြခြင်း၊ အဆင့် (၁) “Project” ၏ အနက် အဓိပ္ပါယ်အောက်တွင် ဥပဒေဆိုင်ရာ သဘောတူညီချက်များအား

ခွဲခြားဖော်ထုတ်ခြင်း နှင့် အဆင့် (၂) မည်သို့သော Revenue Streams မျိုးသည် သက်ဆိုင်ရာ Project အောက်တွင် အစီရင်ခံသင့်ကြောင်း ခွဲခြားဖော်ထုတ်ခြင်း စသည့်အဆင့်များအတွက်

ဆွေးနွေးခဲ့သည်များအား ပြန်လည်တင်ပြခြင်း၊ IA ဖြစ်သည့် BDO မှ တင်ပြထားသည့် ပထမအကြိမ် Commodity Trading Report (အပြီးသတ်အစီရင်ခံစာ) နှင့်ပတ်သက်၍

အစီရင်ခံစာပါ တွေ့ရှိချက်များ၊ ကဏ္ဍအလိုက် Stakeholder များ၏ သဘောထားမှတ်ချက်များအပေါ် IA မှ ပြင်ဆင်ဆောင်ရွက်ထားမှုများအား  အနှစ်ချုပ်တင်ပြခဲ့သည်။ ထို့နောက် ၎င်းမှဆက်လက်၍ Quasi-fiscal Expenditure Study Consultant အတွက် ကနဦးရွေးချယ်ထားသည့်အဖွဲ့အား အင်တာဗျူးပြုလုပ်ရန်နှင့် ရက်ရွေးချယ်ရန် ကိစ္စများအား တင်ပြဆွေးနွေးခဲ့သည်။ USAID-TIGA မှ တာဝန်ရှိသူတစ်ဦးကလည်း Systematic Disclosure Feasibility Study Consultant အဖြစ်

လျှောက်ထားလာသည့် အဖွဲ့များအပေါ် သုံးသပ်တင်ပြခဲ့ပြီး ရှေ့ဆက်လက်၍  ဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြခဲ့သည်။

ထို့နောက် နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် တာဝန်ရှိသူများက တင်ပြခဲ့သည့်အကြောင်းအရာများအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး Systematic

Disclosure Feasibility Consultant အတွက် REOI အား နှစ်ပတ်အချိန်ယူ၍ ထပ်မံကြေညာရန် ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၇) ချက်အား ချမှတ်အတည်ပြု၍

အစည်းအဝေးအား အောင်မြင်စွာကျင်းပခဲ့သည်။

အစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီမှ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့်  အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊  ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) နှင့် မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူးရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။