(၁၄) ကြိမ်မြောက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (BO Task Force) ၏ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) ၏ Beneficial Ownership Coordinator က (၁၃) ကြိမ်မြောက် BO Task Force အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် BO Disclosure Website အတွက် ပြင်ဆင်ရေးဆွဲထားသည့် အခြေအနေများအား Website Developer က ရှင်းလင်းတင်ပြခဲ့ပြီး NCS မှတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ဆောင်ရမည့် BO လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ Beneficial Ownership and Contract Transparency Legal Review Consultant အတွက် ရွေးချယ်မှုအခြေအနေများ အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်များနှင့်တက်ရောက်သူများက အစီအစဉ်အလိုက် ဆွေးနွေးတင်ပြမှုများအပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီးတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်က နိဂုံးချုပ်ကျေးဇူးတင် စကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် BO Phase II Disclosure ဖော်ဆောင်နိုင်ရေးအတွက် Information Session ၊ Template Training နှင့် Data Collection လုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအဆင့်နှင့် တိုင်း/ ပြည်နယ်အဆင့် သက်ဆိုင်ရာ အစိုးရ ဌာနအဖွဲ့အစည်းများ၊ SOE များ၊ လုပ်ငန်းရှင်အသင်းချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက် (၆) ချက်အား ဆွေးနွေးချမှတ်ခဲ့သည်။

အစည်းအဝေးသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်နှင့် အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ ဖွံ့ဖြိုရေးမိတ်ဖက်အဖွဲ့အစည်းများ၊ Web Developer ဖြစ်သည့် Digital Dots မှတာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။