မြန်မာနိုင်ငံ တွင်းထွက်သယံဇာတများတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အစီရင်ခံစားများ ထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲ (ရုပ်သံ အပိုင်း ၂)

ဒုတိယနှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲအား နေပြည်တော်တွင် ကျင်းပ”

ဒုတိယနှင့်တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ (၂၀၁၄-၂၀၁၅နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာ  ရေးနှစ်) ထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲအခမ်းအနားအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ နေပြည်တော်၊ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းခွဲကော်မတီဝင်များ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအား ငွေကြေးထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ၊  မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်နှင့်  မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းတို့မှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ အစီရင်ခံစာများပြုစုရာတွင် ပူးပေါင်း ပါဝင်ခဲ့သည့်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ သံရုံးများမှ ကိုယ်စားလှယ်များ၊ အခြားဧည့်သည်တော်များနှင့် သတင်းမီဒီယာများ စသည်ဖြင့် ဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစီရင်ခံစာများထုတ်ပြန်ကြေညာခြင်းအခမ်းအနားအား အစီအစဉ်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအား ငွေကြေး ပံ့ပိုးနေသည့် အဖွဲ့အစည်းများကိုယ်စား ကမ္ဘာ့ဘဏ်မှ Senior Mining Specialist Mr. Morten Larsen ကနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ နိုင်ငံတကာ EITI အတွင်းရေးမှူးအဖွဲ့မှ ပေးပို့လာသည့် သဝဏ်လွှာအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၊ စီမံကိန်းမန်နေဂျာဦးကျော်သူရက ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက အစီရင်ခံစာများပြုစုမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခြင်းများဖြင့် အခမ်းအနားစတင်ခဲ့သည်။ မှတ်တမ်းတင်ဓါတ်ပုံများအားလည်း ရိုက်ကူးခဲ့သည်။ ထို့နောက် ဒုတိယနှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ပြုစုရာတွင်  ပူးပေါင်းပါဝင်ကူညီခဲ့သော ဌာနများ၊ ကုမ္ပဏီများနှင့် ဆက်စပ်ပတ်သက်သူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ  ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သတ္တုကဏ္ဍအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်သက်ကလည်းကောင်း၊ ကျောက်မျက်နှင့်ကျောက်စိမ်းကဏ္ဍ အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အထွေထွေမန်နေဂျာဦးမင်းသူကလည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ကျွမ်းကျင်သူ ဦးသန်းဌေးအောင်ကလည်းကောင်း အစီရင်ခံစာပါတွေ့ရှိချက်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ နိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့မှ ဒေါ်မိုးမိုးထွန်းက အစီရင် ခံစာပါအကြံပြုတိုက်တွန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယပိုင်းအစီအစဉ်အဖြစ် လူထုဆွေးနွေးပွဲ (Public Debate) အား ဆက်လက်ကျင်းပခဲ့သည်။ လူထု ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ အစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်သက်၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ အထွေထွေမန်နေဂျာဦးမင်းသူ၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ကျွမ်းကျင်သူဦးသန်းဋ္ဌေး အောင်၊ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များဖြစ်ကြသည့် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးခင်မောင်ဟန်၊ Total E&P Myanma၊  Head of Contractual and Commercial Support  ဦးဝင်းတင်၊ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာအရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) မှ ဦးဝင်းမျိုးသူနှင့် လွှတ်တော်ကဏ္ဍကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟတို့မှ ဆွေးနွေးသူများ (Panelist) အဖြစ်ပါဝင်ခဲ့ပြီး ဆုံစည်းအစီအစဉ်၊ အဖွဲ့ခေါင်းဆောင်၊ ဦးဆလိုင်းကျုံးလျန်ထောင်းက ဆွေးနွေးပွဲပံ့ပိုးသူ (Moderator) အဖြစ်ပါဝင်ခဲ့သည်။

အဆိုပါလူထုဆွေးနွေးပွဲ ပထမပိုင်းတွင် ဆွေးနွေးပွဲပံ့ပိုးသူနှင့် ပါဝင်ဆွေးနွေးသူများအကြား အပြန်အလှန် မေးမြန်းဆွေးနွေးကာ ဒုတိယပိုင်းတွင် တက်ရောက်လာသည့် ပရိတ်သတ်များ၏ မေးခွန်းများအား  ပြန်လည် ဖြေကြားခြင်း၊ ပရိတ်သတ်များ၏ ဆွေးနွေးချက်အပေါ် ဖြည့်စွက်ရှင်းလင်းခြင်းများ ပြုလုပ်ခြင်းခဲ့သည်။ အခမ်းအနားအား ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကျင်းပပြီးစီးခဲ့သည်။