Exclusive Exit Interview with Jonas Moberg

နိုင်ငံတကာ EITI အမှုဆောင်ဒါရိုက်တာအဖြစ် (၁၀) နှစ်ကျော်ဦးဆောင်ခဲ့သည့် Jonas Moberg သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် တာဝန်မှအနားယူခဲ့ပါသည်။ သဘာဝသယံဇာတကဏ္ဍနှင့်ပတ်သက်သော အင်တာဗျူးများတင်ဆက်လျက်ရှိသော RAW Talks မီဒီယာမှ သူ၏အတွေ့အကြုံ၊ အမြင်များအား မေးမြန်းခဲ့သည်။

ထိုအင်တာဗျူးတွင် Jonas Moberg က EITI မှရရှိသောဒေတာများ၊ သတင်းအချက်အလက်များအား အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာသာမက အစိုးရများပါ အသုံးချရန်လိုအပ်ကြောင်း၊ နိုင်ငံများတွင် ကုမ္ပဏီများ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာသည်နှင့် ကုမ္ပဏီများဘက်မှ ပူးပေါင်းပါဝင်မှုသည်လည်း အမြဲလိုအပ်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။

ထို့နောက် နိုင်ဂျီးရီးယားနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံများတွင် EITI ကြောင့်ဖြစ်ပေါ်ခဲ့သောပြောင်းလဲမှုများအကြောင်း၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအပေါ် EITI ၏အကျိုးသက်ရောက်မှုအကြောင်းများ၊ EITI အားလိုအပ်မှုသည် မြှင့်မားလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အခွန်ဘဏ္ဍာငွေစီးဆင်းမှုနှင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုထုတ်ဖော်ခြင်းများနှင့်စပ်လျဉ်း၍ ကျယ်ပြန့်အောင် ချဲ့ထွင်းလုပ်ဆောင်ခြင်းထက် လက်ရှိ EITI အကောင်အထည်ဖော်ဆောင်မှုများအား ပိုမိုထဲထဲဝင်ဝင်ကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်းလည်း ဖြေကြားခဲ့သည်။