ရေနံစိမ်းနယ်ကျော်သယ်ဆောင်ခွင့်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ ရန်ပုံငွေ ကျပ်သိန်းပေါင်းတစ်သိန်းကျော်ရရှိခဲ့

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံ လက်ယက်တွင်းတိမ်လုပ်ငန်းများမှ တိုင်းဒေသ ကြီးပြင်ပသို့ ရေနံစိမ်းတစ်စည်လျှင် ကျပ် ၅,ဝဝဝ ဖြင့် ကောက်ခံစေပြီး ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၂၀၁၈ ခုနှစ် အောက်တို ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တိုင်းအစိုးရရန်ပုံငွေ ကျပ်သိန်းပေါင်းတစ်သိန်း ကျော်ရရှိခဲ့ကြောင်း  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောဆိုသည်။

"သယံဇာတနဲ့ ပတ်သက်လာရင် ပြည် ထောင်စုက အားလုံးကိုစီမံတာပါ။ မကွေးတိုင်း အတွင်းမှ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း တွေနဲ့ပတ်သက်လို့ ထုတ်ယူခွင့်၊ မြေငှားခ၊ အခွန်အခတွေကိုလည်း ပြည်ထောင်စုက စီမံ တာပါ။ ကျွန်တော်တို့က ပြင်ပသယ်ယူခွင့် အတွက် မျှောစာကိုသာ ထုတ်ပေးတာပါ"ဟု ဝန်ကြီးကပြောဆိုသည်။

သယ်ဆောင်မှုပြုမည်

တိုင်းဒေသကြီးအစိုးရအနေဖြင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုသော ရေနံလက်ယက်တွင်းများမှထွက်ရှိသည့် ရေနံ စိမ်းများကို မကွေးတိုင်းပြင်ပရှိ ရေနံချက်ဖိုများ ရှိရာဒေသသို့သယ်ဆောင်လျှင် ရေနံစိမ်းဂါလန် ၅၀ ဆံ့ တစ်စည်လျှင် ဝန်ဆောင်ခ ငွေကျပ် ၅,ဝဝဝ ဖြင့်သယ်ဆောင်မည့် ပမာဏအလိုက် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်ထား သည့် တိုင်းအစိုးရအဖွဲ့ရငွေစာရင်း MD. 021907& သို့ ဝန်ဆောင်ခများပေးသွင်းစေခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိသယ်ဆောင်သည့် ရေနံ စိမ်း စည် ၂၃၄၇၄၆၀ အတွက် ဝန်ဆောင်ခ ငွေကျပ် ၁၁,၇၃၇,၃၀ဝ,ဝဝဝ ရရှိခဲ့ကြောင်း သိရသည်။

ရေနံစိမ်းသယ်ဆောင်ရာတွင် တရားမဝင် ပိုမိုတင်ဆောင်ခြင်းမရှိစေရေးအတွက် မြိုင်မြို့ နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်ဆေးရေး ဂိတ်များ၌စစ်ဆေးခံပြီးမှ သယ်ဆောင်ခွင့်ပြု ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

Source: မြန်မာတိုင်းမ်