မြန်မာ့သစ်တောများကို သွေးအေးအေးဖြင့်သတ်ဖြတ်နေသည့် သစ်ခိုးထုတ်မှုများ

မြန်မာ့သစ်တောများ ပြန်လည်စိမ်းလန်းရန် မူဝါဒမျိုးစုံချမှတ်၍ ကြိုးပမ်းနေသော်လည်း သစ်မှောင်ခိုထုတ်လုပ်မှုများက ကြီးမားသည့် အဟန့်အတားဖြစ်စေသည်

‘‘လန်ခရူဆာယာဉ်ပေါ်က တစ်ယောက်က သေနတ် ထုတ်ပြ တယ်။ မင်းတို့ ဆက်လိုက်လာ ရင်ပစ်မယ်’’။ လွန်ခဲ့သည့်လေးလ ခန့်က ခြိမ်းခြောက်ခံခဲ့ရသည့် ဖြစ်စဉ်ကို လှည်းကူးမြို့နယ် သစ်တောဦးစီးမှူး ဦးတင်ထွန်းက  ပြန်ပြောင်း ပြောပြခြင်းဖြစ်သည်။

ပဲခူးဘက်မှ ရန်ကုန်သို့ အ မြန်လမ်းမကြီးလမ်းကြောင်းအ တိုင်း သစ်မှောင်ခိုယာဉ်တစ်စီး ဖြတ်လာနေသည်ကို  အဆင့်ဆင့် သတင်းရယူပြီးနောက်တွင် ဖြစ် သည်။

ရရှိထားသော သတင်းအရ အမြန်လမ်း ၁၂ မိုင်အနီးတွင် လိုက်လံဖမ်းဆီးခဲ့ရာ လန်ခရူဆာ ယာဉ်က သစ်ဖမ်းဆီးရေးယာဉ်ကို  လမ်းကြောင်းပိတ်ဆို့ခဲ့သည့်အ ပြင် လက်နက်ထုတ်ပြ၍ ဆက် လိုက်လျှင် ပစ်မည်ဟု ခြိမ်း ခြောက်ခံရမှုအပေါ် ဦးတင်ထွန်း တစ်ယောက် ယနေ့အထိ မခံချိ မခံသာ ဖြစ်နေသည်။

‘‘ဝန်ထမ်းတွေကလည်း ကြောက်တယ်လေ။ အဲဒီတော့ ရဲစခန်းသွားပြီး တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်တယ်။ ရဲ စခန်းရောက်သွားတဲ့အခါ အဲဒီ သေနတ်က မီးခြစ်ဆံ သေနတ်ဖြစ် သွားတယ်။ မီးခြစ်ဆံ သေနတ် ဟုတ်၊ မဟုတ်ဆိုတာ ကျွန်တော် တို့မသိခဲ့ဘူး။ လန်ခရူဆာစီး လာ တဲ့ သူက မီးခြစ်ဆံသေနတ် ကိုင် တယ်ဆိုတာ စဉ်းစားရမယ်’’ဟု ၎င်းက ပြောသည်။

ကံကောင်းသည်က အဆိုပါ အမှုကို သစ်တောဝန်ထမ်းတို့ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ခိုးသစ် ၁၀ တန်ကျော် လေလွင့်မည့်ကိစ္စကို ကာကွယ်နိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဦး တင်ထွန်းတစ်ယောက် လှည်းကူး မြို့နယ်တွင် တာဝန်ထမ်းဆောင် စဉ်  တစ်ကြိမ်တည်းကြုံခဲ့ရသည် မဟုတ်။ ယခုနှစ် ဧပြီမှ ဇွန်လအ ထိ အဆိုပါမြို့နယ်သို့ ပြောင်း ရွှေ့ရောက်ရှိပြီးနောက် တရားမ ဝင်သစ်မှောင်ခိုယာဉ်ဖမ်းဆီးရမိ သည့်အမှုပေါင်း ၁၀၀ ကျော်ရှိ နေပြီဟု ၎င်းက ဆိုသည်။

သို့သော် နောက်ကွယ်တွင် လက်မည်းကြီးများနှင့် ဂိုဏ်းဂဏ များစွာရှိနေခြင်းက သစ်မှောင်ခို ဖမ်းဆီးရာတွင် စိုးရိမ်ဖွယ်အနေ အထားတစ်ရပ်ဖြစ်နေသည်ဟု  သစ်တောဝန်ထမ်းအဖြစ် လုပ် သက်(၁၈)နှစ်ရှိပြီဖြစ်သည့် ဦး တင်ထွန်းက ဆိုသည်။

‘‘တရားမဝင် သစ်တင်တဲ့ ကားအားလုံးနီးပါးက တရားမဝင် ကားတွေ ဖြစ်တယ်။ လိုင်စင်မဲ့ ကားတွေဖြစ်တဲ့အတွက်  တိုက်ပြီ ဆိုရင်လည်းပစ်ထားခဲ့တာ။ သစ် တောဝန်ထမ်းတွေကို အချိန်မရွေး  အန္တရာယ်ပြုနိုင်တယ်။ မူးယစ် ဆေးဝါးသုံးစွဲတဲ့ပုံစံကိုလည်း အ မြဲတမ်းတွေ့ရတယ်။ မူးယစ်ဆေး ဝါးသုံးပြီး ကားကိုမောင်းတယ် ’’ ဟု ၎င်းက သူ၏အတွေ့အကြုံကို ပြောသည်။

မြန်မာ့သစ်တောများကို ထိန်းသိမ်းရန် ယခုနောက်ပိုင်း တွင် တရားမဝင်သစ်ပပျောက် ရေးအတွက်မူဝါဒနှင့် ဥပဒေနည်း လမ်းမျိုးစုံဖြင့် အစိုးရအဆက် ဆက် လုပ်ဆောင်သော်လည်း  သစ်ခိုးထုတ်မှုများကတော့ နည်း လမ်းအဖုံဖုံပြောင်း၍ ရှိနေဆဲဟု ဦးတင်ထွန်း၏ ပြောကြားချက် များက သက်သေပြနေသည်။



သစ်တောနှင့် ရဲတပ်ဖွဲ့ဝင်အချို့က သစ်တောအတွင်းဖမ်းဆီးရမိသည့် ခိုးသစ်များကို တိုင်းထွာနေစဉ် (ဓာတ်ပုံ − သစ်တောဦးစီးဌာန)

တရားမဝင်သစ်ဖမ်းဆီးမှု

တိုင်းနှင့်ပြည်နယ်များတွင် တရားမဝင်သစ်ဖမ်းဆီးရမိမှုမှာ နှစ်စဉ်တန်ချိန် သောင်းနှင့်ချီရှိနေ သည်။

သစ်တောဦးစီးဌာန၏ စာ ရင်းဇယားများအရ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်း ခဲ့သည့် ၂၀၁၄-၂၀၁၅ တွင် တန် ငါးသောင်းတစ်ထောင်ကျော် ဖမ်း ဆီးရမိခဲ့ပြီး၂၀၁၅- ၂၀၁၆ တွင်  တန်ချိန်  လေးသောင်းခြောက် ထောင်ကျော် ဖမ်းဆီးရမိခဲ့သည်။

လက်ရှိအစိုးရသစ် လက် ထက်တွင် ၂၀၁၆-၂၀၁၇ ၌ တန် ချိန်ငါးသောင်းကျော်၊ ၂၀၁၇-၂၀၁၈ တွင် တန်ချိန်လေးသောင်း ရှစ်ထောင်ကျော်၊ ၂၀၁၈ -၂၀၁၉ (အောက်တိုဘာမှ ဇွန်လအထိ)တွင် တန်ချိန်လေးသောင်းသုံး ထောင်ကျော် ဖမ်းဆီးရမိထား သည်။

သို့သော် မဖမ်းဆီးနိုင်သည့် တရားမဝင်သစ်များစွာ ရှိနေ ကြောင်းလည်း သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် အရာ ရှိဟောင်းများက ပြောသည်။

‘‘ခိုးထုတ်တဲ့ ဟာကတော့  ကိန်းဂဏန်းအတိအကျမရှိဘူး။ ဖမ်းဆီးရမိတဲ့ စာရင်းပဲပေါ့။ ခိုး ထုတ်သွားတာတော့ အတိအကျ မသိနိုင်ဘူး’’ ဟုသစ်တောဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်မင်းကပြောသည်။

ဦးတင်ထွန်းကလည်း ‘‘ကျွန် တော်တို့ မသိတဲ့အချိန်၊ မရှိတဲ့အ ချိန်မှာ ဘယ်လောက်လွတ်လဲ မသိဘူး’’ဟု ထပ်လောင်းအတည် ပြုသည်။

သစ်တောညွှန်မှူးဟောင်း တစ်ဦးက အစိုးရ၏တရားမဝင် သစ်ဖမ်းဆီးရမိသည့် ပမာဏမှာ  အမှန်တကယ်တရားမဝင်ခုတ် ယူသည့် သစ်ပမာဏ၏ ၁၀ တစ် ပုံသာရှိကြောင်း ခန့်မှန်းသည်။

‘‘တန်ဖိုးရှိတဲ့ သစ်တွေက ကုန်သွားပြီ။ ခုတ်တာရဲ့ ၁၀ ရာ ခိုင်နှုန်းလောက်ပဲ ဖမ်းဆီးရမိ ခဲ့တာ’’ဟု ၎င်းကပြောသည်။

မူဝါဒ အပြောင်းအလဲများ

သစ်တောပြုန်းတီးမှု လျော့ ပါးရေး၊ သစ်ခိုးထုတ်မှုပပျောက် ရေး၊ သစ်တောများ ပြန်လည် တည်တံ့စေရေးအတွက် ယခင်အ စိုးရလက်ထက်တွင်ရော အစိုးရ သစ်လက်ထက်တွင်ပါ သစ်ထုတ် လုပ်ရေးနှင့် ပတ်သက်သောမူဝါဒ အပြောင်းအလဲများ၊ လုပ်ဆောင် ခဲ့မှုများ ထိရောက်မှုရှိ၊ မရှိမှာမူ  တိတိကျကျ မရှိသေးပေ။

ယခင်အစိုးရလက်ထက် ၂၀၁၄ ဧပြီ ၁ ရက်ကစ၍ ပြည်ပ သို့ သစ်အလုံးလိုက်တင်ပို့မှုကို  သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်ရပ်နားခဲ့သည်။ သို့သော် မြန်မာ့သစ်တောများကို ပြန်လည် ကုစားရန် မလုံလောက်၍ အစိုးရ သစ်လက်ထက် ၂၀၁၆ တွင် သစ် ထုတ်လုပ်မှုကို တစ်နိုင်ငံလုံး၌  တစ်နှစ်ရပ်နား၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု (၁၀)နှစ်ရပ်ဆိုင်း ခဲ့ပြန်သည်။

သစ်တောပြုန်းတီးမှု များ သည့် မြန်မာနိုင်ငံတွင် သစ်တော  ဖုံးလွှမ်းမှုရှိစေရန် သစ်တောများ  ပြန်လည်တည်ထောင်ရေးလုပ် ငန်းများ၊ သစ်ဖမ်းဆီးမှုလုပ်ငန်း များ အရှိန်မြှင့်ဆောင်ရွက်နေ သော်လည်း တရားမဝင်သစ်ခိုး  ထုတ်မှု ပြဿနာက ခေါင်းခဲစရာ  ကိစ္စဖြစ်နေသည်။

သစ်မှောင်ခို ဖမ်းဆီးရမိမှု တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့သည် အ  များဆုံးဖမ်းမိရာ ဒေသများဖြစ် သည်။

‘‘အထက်ပိုင်းရဲ့ သစ်မှောင် ခိုအစနေရာ ကသာဖြစ်လာတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ  ရှိတဲ့နေရာတွေကနေ  ကသာမှာ လာစုတယ်။ ရွှေလီမြစ်မှာဆို လည်း လက်နက်ကိုင်အဖွဲ့တွေက  မဘိမ်းကနေ တစ်ဆင့်ထွက်လာ တယ်။ ရွှေလီမြစ်ကို အခြေခံပြီး ထွက်လာတယ်။ ပြီးရင် ဧရာ ဝတီမြစ်နဲ့ ရွှေလီမြစ်ကို  အခြေခံ တယ်။ အဲဒီမှာ အများဆုံးဖမ်းမိခဲ့ တယ်’’ ဟု ရှမ်းနှင့်စစ်ကိုင်းတွင် သစ်တန်ချိန် ၃,၀၀၀ ကျော်အထိ  ဖမ်းဆီးခဲ့ဖူးသည့် ဦးတင်ထွန်းက  ပြောသည်။

သစ်ခိုးထုတ်မှုပုံစံ ပြောင်းလာ

 ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခဲ့သည့် ၂၀၁၄  နောက်ပိုင်းတွင် သစ်ဖမ်းဆီးရရှိမှု  ကလျော့ကျသွားခြင်းမရှိသည့်အ ပြင် တရားမဝင်သယ်ဆောင်သူ များကလည်း နည်းလမ်းအမျိုးမျိုး ဖြင့် သစ်ခိုးထုတ်မှု ပြုလုပ်လာ သည်ကို တရားဝင်ထုတ်ပြန်သော  စာရင်းဇယားများ၌တွေ့ရသည်။

သစ်များကို တရားမဝင် သယ်ဆောင်ရာတွင် ကုန်တင် ယာဉ်ကြီးများအတွင်း သစ်များကို ထားရှိကာ အပေါ်မှ ကုန်ပစ္စည်း အမျိုးမျိုးကို တင်ဆောင်၍ ဖြစ် စေစသဖြင့်ဖြစ်သည်။

သစ်တောဦးစီးဌာနက ဖမ်း ဆီးမှု အရှိန်မြှင့်လာပြီးနောက်  အထက်ပါသမားရိုးကျနည်းများ သာမက လူနာတင်ယာဉ်ဖြင့် သယ်ဆောင်လာခြင်း၊ ခရီးသည် တင် Express ယာဉ်ကြီးများတွင်  သယ်ဆောင်လာခြင်း၊  ဘုန်းကြီး ကျောင်းအမည်၊ ပရဟိတယာဉ် အမည်အယောင်ဆောင်ရေးထား သည့် ယာဉ်များဖြင့် သယ်ဆောင် ခြင်း စသည့်တရား မဝင်နည်းမျိုးစုံ ဖြင့် သစ်ခိုးထုတ်မှုများလုပ်ဆောင် လာသည်။

အဓိကအားဖြင့် တရားမဝင် ဈေးကွက်တွင် ကျွန်း၊ တမလန်း  နှင့် ပိတောက်ခွဲသားတို့ ဈေးကွက်  ဖြစ်နေပြီး ပြည်တွင်းသုံးစွဲရန်နှင့်  တရုတ်နိုင်ငံသို့ တရားမဝင်ရောင်း  ချရန် ဈေးကွက်၌ လည်ပတ်နေ  သည်။

၂၀၁၇ တွင် တရားမဝင်သစ် ခိုးထုတ်မှု လျော့နည်းပပျောက် ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်စေရေး ပြည်သူလူထုတိုင် ကြားရန် အရေးပေါ်ဖုန်းနံပါတ် များကို ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် ထုတ်ပြန်ခဲ့ပြီးနောက် ပိုင်း ဖမ်းဆီးမှုပိုများလာသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ် တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးကပြောသည်။

‘‘လူထုအခြေပြုစောင့်ကြပ်  ရေးစနစ်၊ လူထုက သတင်းပေး  တာရှိတယ်။ အဲဒီအတွက်ပဲ ဖမ်း  ဆီးမှုများတာပေါ့’’ ဟု ဦးသန်းစိုး က ပြောသည်။ သို့သော် သစ်ခိုး ထုတ်မှုများ စဉ်ဆက်မပြတ် ဖြစ် ပွားနေဆဲဟု ၎င်းက ဝန်ခံသည်။

တရားမဝင် သစ်သယ် ဆောင်သူများကို သယ်ဆောင်စဉ် လမ်းကြောင်းတစ်လျှောက်နှင့် ဂိတ်များတွင်သာ သတင်းရ ဖမ်း ဆီးနိုင်ပြီး တောအတွင်း သစ်ခိုးယူ နေစဉ် ဖမ်းဆီးနိုင်ပါက  သစ်ခိုး ထုတ်မှု ပပျောက်ရေးအတွက်  ပိုထိရောက်မည်ဟု ဦးသန်းစိုးက  မှတ်ချက်ပြုသည်။

‘‘တောထဲ၊ တောင်ထဲမှာ  ဘယ်သူတွေ ဘယ်လိုရောက်နေ လဲဆိုတာ သတင်းမရတာပေါ့၊  ဒီလို တားနိုင်တယ်ဆိုရင် အဆင် ပြေတယ်။ တောတောင်အနေအ ထားနဲ့ သစ်တောဝန်ထမ်းတွေက နည်းတယ်။ ဝန်ထမ်းတွေက သတင်းရမှပဲဖမ်းနိုင်တာ’’ ဟု ၎င်း က ဆိုသည်။

သစ်တောအတွင်း ခုတ်လှဲ ယူပြီး ပြင်ပသို့သယ်ဆောင်စဉ် ပြည်သူသတင်းပေးသည့်အတွက် ဖမ်းဆီးရမိသည့် ဖြစ်စဉ်များပြား သဖြင့် သစ်တောဝန်ထမ်းများ တောအတွင်း လှည့်လည်ရန်လို အပ်သကဲ့သို့ အနီးဝန်းကျင်ရှိ ဒေသခံများကလည်း ပူးပေါင်း  ကာကွယ်သင့်သည်ဟု မြန်မာ နိုင်ငံသစ်တောအသင်း အတွင်း ရေးမှူး ဦးတင်အေးက ပြောသည်။

‘‘သစ်တောတွေထဲမှာ သစ် တောဝန်ထမ်းတွေ စဉ်ဆက် မပြတ် သွားလာလှုပ်ရှားဖို့လို တယ်’’ ဟု ၎င်းကဆိုသည်။

ပိုင်ရှင်မဲ့သစ်များ

ဖမ်းဆီးရမိမှု ကိန်းဂဏန်း များ မြင့်တက်လာသည်နှင့်အတူ  အများစုသည် ပိုင်ရှင်မဲ့သစ်များ  ဖြစ်နေခြင်းကလည်း သစ်တော ဝန်ထမ်းများအတွက် အားမလို၊ အားမရဖြစ်စေသည်ဟု ကာယကံ ရှင်အချို့က ပြောသည်။

‘‘ဖမ်းပြီဆိုရင် ကိုယ်လွတ် ရုန်းပြေးတော့ ကားတွေပဲ ကျန်ခဲ့ တယ်’’ဟု ဦးသန်းစိုးကပြော သည်။

သို့သော် အစိုးရဌာနတာဝန် ရှိသူများက အာဏာကိုအလွဲသုံး စားလုပ်ကာ ပိုင်ရှင်မဲ့သစ်များအ ဖြစ် ပုံဖော်ရန်ကြိုးစားခဲ့သည့်ဖြစ် စဉ်များနှင့်  လွှတ်ပေးခဲ့သည့်ဖြစ် စဉ်များလည်းရှိနေကြောင်း သစ် တောဝန်ထမ်းအချို့က အတည် ပြုသည်။

၂၀၁၈ ဧပြီ ၂၅ ရက်ညက ရဲတပ်သား ထွန်းထွန်းဝင်းနှင့်ဇေ ယျာမောင်တို့သည် တရားမဝင် သစ်ခွဲသားများကို ဖမ်းမိခဲ့ပြီး နောက် သစ်များနှင့်အတူ တရားခံ နှစ်ဦးကို မိသော်လည်း မုံလာဆို သူနှင့် ရဲတပ်ဖွဲ့နယ်ထိန်းခေါင်း ဆောင်တို့ စခန်းသို့ရောက်ရှိလာ ပြီး အမှုကို ပိုင်ရှင်မဲ့ ပြုလုပ်ကာ  အဆိုပါတရားခံနှစ်ဦးကို ခေါ် ဆောင်သွားသည့်ဖြစ်စဉ်ကျောက် ဆည်မြို့ ရဲရမန်ဒေသတွင် ဖြစ် ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို လူမှု အဖွဲ့အစည်းများက ဖော်ထုတ်ပြီး နောက်တွင် အမှုကိုင်တွယ်ခဲ့ သည့် စခန်းမှူး(ဟောင်း)ဒုရဲမှူး မြင့်ဦးကို ထောင်ဒဏ်တစ်နှစ်၊  နယ်ထိန်းခေါင်းဆောင် သန်း ထိုက်ကို ထောင်ဒဏ် ၂ နှစ်နှင့် ဒုတပ်ကြပ်ချစ်စန်းကိုကို ထောင် ဒဏ်သုံးနှစ်ကျခံစေရန် ၂၀၁၈ သြဂုတ် ၂ ရက်က အမိန့်ချမှတ်ခဲ့ ရသည်။

ယင်းအပြင် မြို့နယ်မှူးရဲမှူး ဝင်းဇော်ကို ဒုရဲမှူးအဆင့်ရာထူး လျှော့ချကာ စခန်းမှူးအသစ်ဖြစ် သည့် ဒုရဲမှူးဝင်းနိုင်ကိုလည်း ရဲအုပ်အဆင့်သို့ ရာထူးချ ပြစ် ဒဏ်ပေးခဲ့သည်။

မကြာသေးမီကလည်း ရခိုင် ပြည်နယ် ဂွမြို့နယ် ဆပ်သွား ချောင်း သဗြာဆိပ်ကမ်းတွင် ရွာ သားများက ဖမ်းဆီးရမိသည့်သစ် တင်လှေကို  သစ်တောဝန်ထမ်း၊ ရဲဝန်ထမ်းများသို့ အပ်နှံပြီးမှလွတ် မြောက်သွားသည့် ဖြစ်စဉ်ကို  ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမြင့်ဝေက လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည်။

လိမ်ညာတင်ပြခဲ့သည့် တာ ဝန်ရှိဝန်ထမ်းများကိုမည်သို့ အ ရေးယူမည်ဆိုသည်ကို သိရှိလို ကြောင်း ထပ်ဆင့်မေးမြန်းခဲ့ရာ ပြန်လည်စိစစ်ပြီး ဆောင်ရွက် မည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ် ချုပ်အောင်သူက ပြန်ဖြေခဲ့ရ သည်။

တရားမဝင်သစ် သယ် ဆောင်ရာတွင် သယ်ဆောင်မည့်  သူကို တစ်ဆင့်ခံခိုင်းစေတတ်ပြီး ဖမ်းဆီးခံရချိန်၌ သယ်ဆောင် လာသူတို့က ပစ္စည်းထားခဲ့ကာ ကိုယ်လွတ်ရုန်းထွက်ပြေးသဖြင့်  နောက်ကွယ်က ခိုင်းစေသူသာ မက ကြားခံသယ်ဆောင်သူကိုပါ  ဖမ်းမိခြင်းမရှိသည်က များပြား  နေကြောင်း၊  ကွင်းဆက်များကိုပါ ဖော်ထုတ်နိုင်မှုမရှိကြောင်း သစ် တောဝန်ထမ်းအချို့က ညည်း တွားကြသည်။

လက်နက်ကိုင်ပတ်သက်မှု

အထက်ပါဖြစ်စဉ်များသည် မူူးယစ်ဆေးဝါးပြီးလျှင် မြန်မာ နိုင်ငံအတွင်း ဒုတိယမြောက်အ ကြီးမားဆုံး မှောင်ခိုလုပ်ငန်းဖြစ် နေကြောင်း သက်သေဖြစ်ပြီး  ထိန်းချုပ်ရန်ခက်ခဲကြောင်း သစ် တောထိန်းသိမ်းရေး လုပ်ဆောင် နေသူများက သုံးသပ်ကြသည်။

နယ်စပ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်နေသည့်  သစ်မှောင်ခို လုပ်ငန်းများတွင်   လက်နက်ကိုင်များလည်း ပါဝင် ပတ်သက်နေသည်ဟု ဝေဖန်ပြော ဆိုမှုများရှိနေပြီး လုံခြုံရေးအခြေ  အနေအရ သစ်တောဝန်ထမ်းများ အနေဖြင့် သွားရောက်ဖမ်းဆီးနိုင် သည့် အခြေအနေနည်းပါးသည် ဟု ၎င်းတို့က ဆိုသည်။

ကချင်နှင့် ရှမ်းပြည်နယ်မှ တစ်ဆင့် လမ်းကြောင်းမျိုးစုံဖြင့်   တရုတ်နိုင်ငံသို့ နှစ်အဆက်ဆက် တင်ပို့ခဲ့သည့် တရားမဝင်သစ် များနှင့်ဆက်စပ်ပြီး ဝေဖန်မှုများ ရှိသော်လည်း အဆိုပါဒေသတွင်  အခြေစိုက်သည့်  လက်နက်ကိုင် အဖွဲ့အစည်းအချို့ထံကမူ စာ ရင်းဇယားအချက်အလက်တစ်စုံ တစ်ရာ တောင်းခံရယူနိုင်ခြင်းမရှိ သေးပေ။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ ပြောရေးဆိုခွင့်ရှိသူဗိုလ် မှူးကြီးနော်ဘူက ‘‘ဒီနှစ်ပိုင်း သစ် မှောင်ခိုလုပ်ငန်းမရှိတော့ပါဘူး’’ ဟု မှတ်ချက်ပြုသည်။

ရှမ်းပြည်နယ် အခြေစိုက် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ကလည်း  ငြင်းဆိုပြီး မန္တ လေး၊ ပဲခူးရိုးမနှင့်ဧရာဝတီမှ  တက်လာသည့် တရားမဝင်သစ် မှောင်ခိုလမ်းကြောင်းများသာ ရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက် ကျော်က ဆိုသည်။



သစ်မှောင်ခိုသမားများက ယခုနောက်ပိုင်းတွင် သစ်ကိုပုံစံမျိုးစုံဖြင့် သယ်ဆောင်လာကြသည်။ ခိုးသစ်များဖမ်းဆီးပြီးနောက် သစ်တောဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − သစ်တောဦးစီးဌာန)

‘‘သစ်ဆိုတာ ကျွန်တော်တို့ ဒေသမှာ မရှိတော့ဘူး။ သူများ လာခုတ်လို့ ကုန်သွားပြီ။ သစ် မှောင်ခိုနဲ့ ကျွန်တော်တို့နဲ့ ဆက် စပ်မှုမရှိဘူး။ တခြားဒေသက သယ်လာပြီး ကျွန်တော်တို့ဒေသ ကို ဖြတ်သန်းသွားလာတာရှိ တယ်။ အဲဒီအပေါ်မှာတော့ အခွန် ကောက်ခံမှုရှိတယ်။ ဖြတ်သန်း သွားလာခွင့်အတွက်’’ ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားသည်။

သို့သော် တရုတ်နယ်စပ်သို့ ရောက်ဖူးသူတိုင်း မြန်မာနိုင်ငံ ဘက်မှ သစ်လုံးများသာမက သစ်မြစ်များကိုပါ ကားများဖြင့် အစီးရေများစွာ တရုတ်သို့သယ် ဆောင်နေကြသည်ကို မကြာခဏ တွေ့ဖူးကြမည်ဖြစ်သည်။ တရား ဝင်တရုတ်သို့ သစ်မတင်ပို့သော် လည်း ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်မှ သစ်များခိုးထွက်နေသည် မှာ မည်မျှများကြောင်း ထိုကား များကြည့်၍ မှန်းဆကြည့်နိုင် သည်။

မြန်မာနိုင်ငံမှ သစ်လုံးများ ကချင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ  နယ်စပ်ထွက်ပေါက်များမှ တစ် ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ဝင် ရောက်မှုများရှိသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင် သူများက ပြောကြားမှုများရှိသော် လည်း  သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိသည့် သစ်စာရင်းများ တွင် အဆိုပါ ပြည်နယ်နှစ်ခုနှင့်  သက်ဆိုင်သည့်  ကိန်းဂဏန်းအ ရေအတွက်နည်းပါးသည်။

၂၀၁၈-၂၀၁၉ (အောက်တို ဘာမှ ဇူလိုင်လအထိ) သစ်ဖမ်း ဆီးရမှုစာရင်းတွင်လည်း ကချင် ပြည်နယ်၌ သစ်ဖမ်းဆီးမှု ၂,၇၃၁ မှုနှင့် ရှမ်းပြည်နယ်တွင် ၄,၃၅၄ မှုသာရှိသည်။

ထိုအခြေအနေတွင် ရှမ်း ပြည်နယ်၌ ရပ်စောက်အနီးဝန်း ကျင်၌သာ သစ်တောများကျန် ရှိတော့ပြီး ကျန်နေရာ ဒေသများ တွင် သစ်ခုတ်ယူမှု အများ အပြားရှိနေသည်ဟု ကျောက်မဲ မြို့နယ် လွှတ်တော်ကိုယ်စား  လှယ် ဦးစိုင်းထွန်းဝင်းကပြော သည်။

ထို့အပြင် အခြားဒေသများမှ တရားမဝင်သစ်များမှာ ငွေပေး၍ ရှမ်းပြည်နယ်မှတစ်ဆင့် မှောင်ခို ပို့မှုများရှိနေသည်ဟု ၎င်းကဆို သည်။

‘‘ပါမစ်မရှိတဲ့သစ်တွေကို ပါ ဂျဲရိုးဖိုးဝှီးတွေ၊ စူပါကာစတန်တွေ  လေး၊ ငါးစီးတစ်စု တက်လာ တယ်။ လက်နက်ကိုင်တောထဲ တွေကို ဖြတ်သန်းသွားလာရင်  လက်နက်ကိုင်အဖွဲ့အစည်းတွေ ကို ဖြတ်သန်းခပေးရတယ်။ မိန်း လမ်းမပေါ်ဆိုလည်း ညှိပြီးသွားရ တာပဲ။ ငွေရေးကြေးရေးယူပြီး လွှတ်နေကြတာပဲ။ ဒါဟာတွေ  ပိုက်ဆံပေးပြီးသွားနေတာပဲ’’ ဟု ဦးစိုင်းထွန်းဝင်းကပြောသည်။

ဖမ်းဆီးရေးအခက်အခဲ

တာဝန်ဝတ္တရားများတွင် သစ်တောများ ပြန်လည်ပြုစုပျိုး ထောင်ရေးလုပ်ငန်းများမှာ အ ရေးကြီးသည့်နေရာ၌ ပါဝင်သော် လည်း တရားမဝင်သစ်ဖမ်းဆီး ရေးလုပ်ငန်းများကို အဓိကတာ ဝန်အနေဖြင့် လုပ်ကိုင်နေရသည် က သစ်မှောင်ခိုလုပ်ငန်း မည်မျှ ကြီးထွားနေကြောင်း သက်သေ ပင်ဖြစ်သည်ဟု     သစ်တောဝန် ထမ်းအချို့က ပြောကြသည်။

‘‘ဝန်ထမ်းအင်အား၊ ဘတ် ဂျက်အနေအထားအရ ဖြန့်ကြက် လုပ်နေရတဲ့အခါ မနိုင်နင်းတာ လည်း အကြောင်းရင်းတစ်ခုအ နေနဲ့ပါတယ်’’ဟု အမည်မဖော် လိုသူ သစ်တောဝန်ထမ်းတစ်ဦး က ဆိုသည်။

ထို့အပြင် သစ်ဖမ်းဆီးရာ၌ သစ်တောဝန်ထမ်းများ ရန်ပြုခံ ရခြင်း၊ တရားမဝင်သစ်ဖမ်းဆီး နိုင်သော်လည်း ဖမ်းဆီးပြီးနောက် အခြားဆက်စပ်ဌာနများ၏ အလွဲ သုံးစားပြုလုပ်မှုများကြောင့်  တ ရားခံများလွတ်မြောက်ခြင်း၊ အ မှုပေါ့လျော့သွားခြင်းတို့ ကြုံရ သည်များလည်းရှိသည်ဟု ၎င်းတို့ ၏ ညည်းတွားမှုကို တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမေး မြန်းရန်ကြိုးပမ်းသော်လည်း ယခု ဆောင်းပါးရေးသားချိန် သြဂုတ် ၂၆ ရက် ညပိုင်းအထိ အဆက်အ သွယ်မရခဲ့ပေ။

အထက်ပါ အခြေအနေများ အတွင်း လွန်ခဲ့သည့် ၂ နှစ်ခန့်က  ပဲခူး၌ သစ်မှောင်ခိုသမားများ  သတ်ခဲ့သည့် တောအုပ်တစ်ဦး ၏အမှုဖြစ်စဉ်မှာလည်း ရဲတပ်ဖွဲ့ ၏ မေ့ပျောက်ခြင်းကို ခံနေရ သည်ဟု သစ်တောဦးစီးမှူးဦးတင် ထွန်းက ညည်းတွားသည်။



မြန်မာနိုင်ငံမှ ခိုးထုတ်သွားသောသစ်လုံးများတင်ထားသည့်ကားကို တရုတ်နိုင်ငံဘက်ခြမ်းတွင်တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

အစိုးရအစီအမံနှင့် ဝေဖန်သံ

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူအချို့ကလည်း  မြန်မာနိုင်ငံတွင်  သစ်တောပြုန်း တီးခြင်း၊ သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာကွယ်ရန် သစ် တောစိုက်ခင်း တည်ထောင်ခြင်း၊  သစ်တောများ တည်ထောင်ပြုစု  ထိန်းသိမ်းခြင်း  လုပ်ငန်းများ ဆောင်ရွက်နေသည်မှာ မှန် သော်လည်း ပမာဏကြီးမားစွာ ရှိနေသာ တရားမဝင်သစ်ခိုး ထုတ်မှုများကို တရားဥပဒေဖြင့်  ထိထိရောက်ရောက် ဆောင်ရွက် နိုင်သင့်ကြောင်း တိုက်တွန်းကြ သည်။ သစ်တောဦးစီးဌာန၏ ဝန် ထမ်းအင်အားသည် ကျယ်ဝန်း လှသော သစ်တောဧရိယာနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါး နေပြီး တစ်ဖက်၌လည်း သစ်ဖမ်း ဆီးမှုကဲ့သို့ တာဝန်များ ဆောင် ရွက်ရာတွင် ဝန်ထမ်းအင်အား  နည်းပါးမှုကြောင့် လိုအပ်မှုများ  ရှိနေသေးသည်ဟု ၎င်းတို့က ယူ ဆသည်။

သို့မဟုတ်ပါက ကမ္ဘာ့သစ် တောပြုန်းတီးမှု အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့် (၃) ချိတ်ပြီး နိုင်ငံ့ဧရိယာ၏ ၄၂ ရာ ခိုင်နှုန်းမျှသာ  သစ်တောဖုံးလွှမ်းမှု ရှိတော့သည်ဟု တရားဝင်ကိန်း ဂဏန်းများက ပြဆိုသည့် မြန် မာနိုင်ငံအတွက် အနာနှင့်ဆေးလွဲ နေဦးမည်ဟု ထောက်ပြကြသည်။

သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနကမူ လာမည့် ၁၀ နှစ်အ တွင်း လက်ရှိကျဆင်းနေသည့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း ထက် ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့် လာစေရန် ဆောင်ရွက်နေသည် ဟုဆိုသည်။

ထို့ကြောင့် သစ်ထုတ်လုပ်မှု ကို လျှော့ချမည်ဖြစ်ပြီး သစ်တော ဦးစီးဌာနက သတ်မှတ်ထားသည့် AAC (သစ်တော၏ အထွက်နှုန်း နှင့် နှစ်စဉ်ခုတ်လှဲနိုင်သည့်ပမာဏ -Annual Allowable Cut) အောက်တွင်သာ မြန်မာ့သစ်လုပ် ငန်းက သစ်ထုတ်လုပ်မည်ဟု  ကြေညာထားသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ကျွန်းသစ်တန်တစ်သိန်းခွဲ၊ သစ်မာ တန်သုံးသိန်း၊ ၂၀၁၉-၂၀တွင် ကျွန်းသစ်တန်တစ်သိန်း၊ သစ်မာတန်သုံးသိန်း၊ ၂၀၂၀-၂၁ တွင် ကျွန်းသစ်တန် ၈,၀၀၀၊ သစ်မာတန်နှစ်သိန်းခွဲ၊ ၂၀၂၁-၂၂ တွင် ကျွန်းသစ်တန် ၆,၀၀၀ နှင့် သစ်မာတန်နှစ်သိန်းနှစ် သောင်းစသဖြင့် လျှော့ချထုတ်ယူ ရန် အစီအမံများချမှတ်ထား သည်။မြန်မာသဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းများပွင့်လင်း မြင်သာမှုဖော်ဆောင်ရေးမစ်ရှင် မှ Technical Coordinator ဦး ထွန်းပေါ်ဦးကမူ တိုင်းပြည်၏သစ် လိုအပ်ချက်ကို မတွက်ချက်ဘဲ သစ်ထုတ်လုပ်မှုလျှော့ချခြင်းမှာ  လက်တွေ့ကျသည့် မူဝါဒမဟုတ် ဟု ဝေဖန်သည်။



‘‘ဥပမာ အိမ်သုံး၊ ထင်းနဲ့ ဆောက်လုပ်ရေးအစရှိတဲ့ ကဏ္ဍ တွေမှာ တစ်နှစ်ကို သစ်ဘယ် လောက်လိုလဲ မတွက်နိုင်ဘဲနဲ့  သစ်ထုတ်လုပ်မှုကိုလျှော့ချတာ  သစ်မှောင်ခိုလုပ်ငန်းကို ပိုပြီးတွန်းအားပေးသလိုဖြစ်နေတယ်’’ ဟု  ၎င်းကမှတ်ချက်ပြုပါသည်။