တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်

2018-03
Category : MEITI Reports

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ သည် မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်ခန့်အပ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးများမှ အဖွဲ့ဝင်အဖြစ်သော်လည်း ကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီးမှ အတွင်းရေးမှုးအဖြစ်လည်းကောင်း ပါဝင်ဖွဲ့စည်းခဲ့ပါသည်။Renaissance Institute(RI) ကိုလည်းမြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှုးအဖြစ် ဆောင်ရွက်ရန် ခန့်အပ် ခဲ့ပါသည်။

အစီရင်ခံစာတွင် အခန်း (၈) ခန်းပါဝင်ပြီး ပင်မအစီရင်ခံစာ၏ နောက်ဆက်တွဲများတွင် သီးခြားဆီ ဖော်ပြထားပါသည်။ အစီရင်ခံစာပါ ကိန်းဂဏန်း အချက် အလက်များကို မြန်မာကျပ် ငွေဖြင့်သာ ဖော်ပြထားပါသည်။

ဤအစီရင်ခံစာတွင်ပါရှိသော သတင်း အချက်အလက်များ သည် ၂၀၁၈ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ လက်ခံရရှိသည့် အချက်အလက်များသာ ပါဝင်ပါသည်။ ထိုရက်စွဲနောက်ပိုင်း တွင် လက်ခံရရှိသည့် မည်သည့်သတင်းအချက်အလက်မျှ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။