၁၁ ကြိမ်မြောက် သုံးပွင့်ဆိုင်အစည်းအဝေးကျင်းပပြီးစီးခြင်း

2018-02-14 to 2018-02-15



၁၁ ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအစည်းအဝေး ၂၀၁၈ ခုနှစ်် ဖေဖော်ဝါရီလ ၁၄ နှင့် ၁၅ ရက်နေ့တွင် နေပြည်တော် ငလိုက်ကန်သာ အီကိုရီဆော့ဟိုတယ်၌  ၁ကြိမ်မြောက်သုံးပွင့်ဆိုင်ညွန့်ပေါင်းအစည်းအဝေးအား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယင်းပွဲသို့ မြန်မာနိုင်ငံ သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ တွင်းထွက်သယံဇာတ တူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဆိုင်ရာ နှင့်စပ်ဆက်၍ လုပ်ငန်း ဆောင်ရွက်နေသည့် MOPF ၊ အစိုးရဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများ ကမ္ဘာ့ဘဏ်မှ  ကိုယ်စားလှယ်များ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ နှင့်  လေ့လာသူများ  တက်ရောက်ခဲ့ပါသည်။

ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်းတွင် ယခုပြုလုပ်ကျင်းပမည့်သုံးပွင့်ဆိုင်ညွန့်ပေါင်းအစည်းအဝေးတွင် သက်ဆိုင်ရာ အစိုးရဌာနအသီးသီးမှ IA မှှတင်ပြထားသော Draft Report တွင် ပါ၀င်သည့် အချက်များအား အပြန်အလှန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ပထမ အစီရင်ခံစာတွင် ပါ၀င်သောအကြံပြုတိုက်တွန်းချက်များနှင့် ပတ်သတ်၍  ဆောင် ရွက် ပြီးစီးသွား သော လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ဆဲ နှင့် ရှေ့တွင်ဆက်လက် ဆောင်ရွက် ရမည့် အချက်များလည်းရှိကြောင်း၊ ယခုအကြိမ်တွင်လည်း နှစ်နှစ်စာပေါင်းထွက်သော အစီရင်ခံစာလည်း ဖြစ်တာကြောင့် ထပ်မံပြုလုပ်ရမည့် အကြံပြုတိုက်တွန်းချက်များ အားလည်းသက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် အတူတကွ ကြိုးစား လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ လာမည့် ဇူလိုင်တွင် စတင်ပြုလုပ်မည်ဖြစ်သော Validation နှင့်ပတ်သတ်၍လည်း အကောင်းဆုံးအနေအထားဖြင့် စစ်ဆေးခံနိုင်အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ EITI ဖော်ဆောင်သည့် လုပ်ငန်းနှင့် ဆက်စပ်၍ လုပ်ကိုင်သွားရမည် ဖြစ်သော Beneficial Ownership ကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် Beneficial Ownership မှ Consultant မှလည်း သက်ဆိုင်ရာ ဌာနများနှင့်တွေ့ဆုံကာ ရှေ့ဆက်လုပ်ရမည့် အချက်များအား တိုင်ပင်ဆွေးနွေး ထားပြီဖြစ်ကြောင်း၊ လမည့် မတ်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိကြောင်း၊ Mining Cadaster Consultant သည်လည်း မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီး ရှေ့ဆက်လုပ်ကိုင်ရမည့် အချက်များအတွက် အချို့သော နေရာများအား ကွင်းဆင်းလေ့လာခြင်းအားလည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း၊  ရေရှည်မျှော်မှန်းချက်အနေဖြင့် တိုင်းပြည် သဘာဝသယံဇာတ များနှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှုရှိရေးအား အဓိကထားလုပ်ဆောင်သွားရန် လိုအပ်ပြီး ဒါမှသာ ပြည်သူပြည်သားများ၏အကျိုးစီးပွားကို ဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ Pre-Final Report အားဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ထွက်ရန်ရည်ရွယ်ထားပြီး အပြီးသတ်အစီရင်ခံစာ(English Version) ကိုတော့ မတ်လ၊ ၁၂ရက်၊ ၂၀၁၈ တွင် သတ််မှတ်ထားပြီး (Myanmar Version) ကိုတော့ မတ်လ၊ ၃၀ရက်နေ့၊ ၂၀၁၈ တွင် ထွက်ရှိရန် သတ်မှတ်ထားပါကြောင်း၊ EITI Website တွင်လည်း နောက်ပြုလုပ်သွားမည့် လုပ်ငန်းစဉ်များ အချက်အလက်များအားထုတ်ပြန်တင်ပြသွားမည် ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ယခုပြုလုပ်သွားမည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအစည်းအဝေးပွဲတွင် ဆွေးနွေးတင်ပြသွားမည့် အစီရင်ခံစာ မူကြမ်းအား သက်ဆိုင်ရာဌာနများနှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များ အနေဖြင့် အားလုံးအတူတကွ ဆွေးနွေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်

အဆုုိပါ အခမ်းအနားတွင် ဒုတိယအကြိမ် နှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အဓိက အစီရင်ခံစာ (မူကြမ်း) နှင့်ပတ်သက်၍ လွတ်လပ်သော စာရင်းတိုက်ဆိုင် စစ်ဆေးသူအဖွဲ့ Moore Stephens မှ တက်ရောက််ပြီး မူကြမ်းအစီရင်ခံစာ တွင်ပါ၀င်သော အကြောင်းအရာအချက်အလက်များအား သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း၊ ရှင်းလင်းတင်ပြချက်များ ပြုလုပ်ခဲ့ကြပါသည်။

ယင်းနောက် ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးတွင် တွင်းထွက်သယံဇာတ တူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအတွက် Sub-National Coordination Committee များ ဖွဲ့စည်းခြင်း ကိစ္စများရပ်များအား ဆွေးနွေးခြင်း၊ Sub-Committee Meeting ရက်များအား သက်မှတ်ခြင်း၊ (Mining Cadaster) and (Beneficial Ownership) နှင့် သက်ဆိုင်သော ကိစ္စရပ်များအား တင်ပြခြင်းနှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဆုံးဖြတ်ချက်များအား အတည်ပြုခြင်းများအား ပြုလုပ်ခဲ့ပါသည်။