တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီဖွဲ့စည်းခြင်း (အမိန့်ကြော်ငြာစာအမှတ် ၉၉/၂၀၁၂)

2018-08
Category : Other Documents

နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးစက်မှုလုပ်ငန်းများစီမံကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အားကောင်းစေရန်လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှုရှိ၍ အပြန်အလှန်ဆွေးနွေးရှင်းလင်းမှုရှိလာစေရန်လ၊ည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍအခြပြုအဖွဲ့အစည်းများနှင့်အတူ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူလူထုအာ အသိပေးရန်လည်းကောင်း၊ တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖော်ရေးစက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကိစ္စရပ်ကို နိုင်ငံတော်ကိုယ်စား ဦးစီးဆောင်ရွက်နိုင်ရန်အတွက် “တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Extractive Industry Transparency Initiative Leading Authority)” ကို ဖွဲ့စည်းလိုက်ပါသည်။