အမိန့်ကြော်ငြာစာ အမှတ် (၆၀/၂၀၁၈) သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းများတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်း

2018-06
Category : Other Documents

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံအဆင့်မှ EITI စံနှုန်းများအား အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သည့် စံချိန်မီတင်းပြည့်အဖွဲ့ဝင်နိုင်ငံ အဆင့်သို့ ရောက်ရှိရေးအတွက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် EITI စံနှုန်းလိုအပ်ချက်နှင့်အညီ သဘာဝသယံဇာတဆိုင်ရာလုပ်ငန်းများတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝသယံဇာတ ဆိုင်ရာလုပ်ငန်းများတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလမ်းပြမြေပုံ (Beneficial Ownership -BO Roadmap) အား ၃၁-၁၂-၂၀၁၆ ရက်နေ့တွင် နိုင်ငံတကာ EITI အတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါလမ်းပြမြေပုံအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းများတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အား ဖွဲ့စည်းလိုက်ပါသည်။