တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စဉ်ဆက်မပြတ်၊ ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး

2018-06
Category : Other Documents

ပြည်ထောင်စုအစိုးရအဖွဲ့သည် တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative-EITI) လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စဉ်ဆက်မပြတ်၊ ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။