မြန်မာ EITI ဦးဆောင်ကော်မတီဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ ၁၁၅/၂၀၁၆

2016-12
Category : Other Documents

ပြည်ထောင်စုအစိုးရအဖွဲ့သည် တွင်းထွက်သယံဇာတအရင်းအမြစ်များ ပိုမိုကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဖန်တီးပြီး အရည်အသွေး မြင့်မားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန်လည်းကောင်း၊ တွင်းထွက်သယံဇာတကဏ္ဍမှရရှိသော အခွန်ဘဏ္ဍာငွေများနှင့် လုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ အများပြည်သူသို့ အသိပေးရန် လည်းကောင်း၊ တွင်းထွက်သယံဇာတနှင့် ဆက်စပ်သော အခွန်အခစနစ်များ၊ ပြည်သူ့ဘဏ္ဍာစီမံအုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းစေရန်လည်းကောင်း တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ခြင်းကိစ္စရပ်များကို နိုင်ငံတော်ကိုယ်စားဦးစီးဆောင်ရွက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Myanmar Extractive Industries Transparency Initiative Leading Committee)” ကို ဖွဲ့စည်းလိုက်ပါသည်။