ဒုတိယအကြိမ်နှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ အနှစ်ချုပ်

2018-03
Category : MEITI Reports

ဤအစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများ မှ အစိုးရသို့ ပေးဆောင်ထားသော အခွန်၊ အခ ဆိုင်ရာ ကိန်းဂဏန်း၊ အချက်အလက်များနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အစိုးရဝန်ကြီးဌာနများ၊ အစိုးရဌာနများ မှ ကုမ္ပဏီများထံမှ ကောက်ခံရရှိသော အခွန်အခများ၊ အစိုးရဝန်ကြီးဌာနများ၊ ဌာနဆိုင််ရာအဖွဲ့အစည်းများအကြား လွှဲပြောင်းပေးထားမှုများနှင့် သက်ဆိုင်သော ကိန်းဂဏန်းအချက်အလက်တို့ကို တိုက်ဆိုင်စစ်ဆေးရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ဆုံးဖြတ်ချက်အရ တွင်းထွက်သယံဇာတကဏ္ဍများ ဖြစ်သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍ၊ အခြားသတ္တုများနှင့် ပုလဲကဏ္ဍဟူ၍ ဤအစီရင်ခံစာတွင် လွှမ်းခြုံပါဝင်ပါသည်။

တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) စံနှုန်းအကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်၏ အဓိကလုပ်ငန်းစဉ်အဆင့်ဖြစ်သော မြန်မာနိုင်ငံတွင်းထွက်သယံဇာတကဏ္ဍမှ ထွက်ပေါ်လာသည့် အခွန်ဘဏ္ဍာငွေ နှင့် အခွန်မဟုတ်သောအခကြေးငွေများအား တိုက်ဆိုင်စစ်ဆေးရာမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကို ဤအစီရင်ခံစာတွင် အကျဉ်းချုပ်တင်ပြထားသည်။