(၁၄) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2018-06

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့တွင် နေပြည်တော်ရှိ Horizion Lake View ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊  သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဌ ဦးဝင်းထိန်၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကိုယ်စား လှယ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ MEITI ညှိနှိုင်း ရေးရုံးမှ ညှိနှိုင်းရေးမှုးနှင့် တာဝန်ရှိသူများ၊ NRGI မှ တာဝန်ရှိသူများနှင့် အခြားသော လေ့လာသူများ တက်ရောက်ခဲ့ပါသည်။

၁၃ ကြိမ်မြောက်သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်  ဆောင်ရွက်ထားမှု အခြေအနေများအား ဆွေနွေးရန်၊ မြန်မာနိုင်ငံ EITI မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုရာတွင် တိုးတက်မှုအခြေအနေများနှင့် အကဲဖြတ်လေ့ လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးရန်၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်သစ်များအား မိတ်ဆက်ရန်၊ မြန်မာနိုင်ငံ EITI သစ်တောအစီရင်ခံစာ ရေးဆွဲမှု အခြေအနေများအား ဆွေးနွေးရန်၊၂၀၁၄-၁၅ ဘဏ္ဍာနှစ် နှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မြန်မာ EITI အစီရင်ခံစာများအား ထုတ်ပြန်မည့် အစီအစဉ်အား ဆွေးနွေးရန်၊  နှစ်စဉ်တိုးတက်မှု အစီရင်ခံစာမူကြမ်း(ဇူလိုင် ၂၀၁၇-ဇွန် ၂၀၁၈) အားဆွေးနွေးရန်၊ MEITI ဝက်ဘ်ဆိုဒ်ဒီဇိုင်းနှင့် ဝက်ဘ်ဆိုဒ်အသစ် ရေးဆွဲနေမှုအခြေအနေများ၊ web/data portal တည်ဆောက်မှု အခြေအနေများအား ဆွေးနွေးရန်၊ အကျိုးအမြတ်ရရှိပိ်ုင်ဆိုင်မှုဆိုင်ရာ လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုအခြေအနေများနှင့် Mining Cadaster လုပ်ငန်းစဉ် အခြေအနေများအား ဆွေးနွေးရန်၊  ပြည်နယ်/တိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမှုအခြေအနေများအား ဆွေးနွေးတင်ပြရန်နှင့် (၁၄) ကြိမ်မြောက် ဒုတိယအကြိမ် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများ ပြုလုပ်ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။