(၁၁)ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2018-02

မြန်မာနိုင်ငံ ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ အစီရင်ခံစာမူကြမ်း နှင့် ပတ်သတ်၍ ကွဲလွဲချက်များအား သက်ဆိုင်ရာ ဌာနများနှင့် Moore Stephen (IA) ရှင်းလင်းတင်ပြ အပြန်အလှန်ဆွေးနွေးခြင်း နှင့် အစီရင်ခံစာ မူကြမ်းတွင် ပါဝင်သော အချက်အလက်များ နှင့် အကြံပြု တိုက်တွန်းချက်များနှင့် ပတ်သတ်ပြီး ဆွေးနွေးတင်ပြရန် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့များ (Sub-National Coordination Unit- SNU) များဖွဲ့စည်းဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍ ဆွေးနွေးရန်၊ နိုင်ငံတကာ EITI   အဖွဲ့ရုံးမှ  သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ တာဝန်နှင့်ဝတ္တရား (MSG ToR) နှင့်ပတ်သက်၍ ၂၀၁၆ EITI စံနှုန်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ပေးပို့ထား သော သဘောထားမှတ်ချက်အားဆွေးနွေးရန်၊ Update Information များဖြစ်ကြသည့် Mining Cadaster နှင့် Forestry ကဏ္ဍနှင့် ပတ်သတ်သည့် Template Training နှင့် ပတ်သတ်၍ တင်ပြရန်၊ BO ကဏ္ဍ နှင့်ပတ်သတ်သည့်ဌားရမ်းထားသည့် Consultant မှပေးပို့သော ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရန်၊ ဆဌမအကြိမ်မြောက် MEITI-MSGs အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို  ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုတင်ပြရန်၊ လုပ်ငန်းခွဲ ကော်မတီအစည်းအဝေးများမှ ဆုံးဖြတ်ချက်များအား ဆွေးနွေးအတည်ပြုရန်၊ ၂၀၁၈ ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်မည့် MSG အစည်းအဝေး၊ sub-committee အစည်းအဝေးများ အတွက် အချိန်ဇယား ရေးဆွဲရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ဆယ့်တစ်ကြိမ်မြောက် MEITI-MSG အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည် ။