မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့သည် တတိယအကြိမ် (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်) နှင့် စတုတ္ထအကြိမ် (၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်) မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍ အစီရင်ခံစာများအား EITI စံနှုန်းများနှင့်အညီပြုစုထုတ်ပြန်နိုင်ရန်အတွက် လွတ်လပ်သောစာရင်းတိုက်ဆိုင်သောအဖွဲ့အဖြစ် BDO LLP အား ငှားရမ်းဆောင်ရွက်ခဲ့ပါသည်။ ယင်းတတိယအကြိမ်နှင့် စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများတွင် ဆက်နွယ်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ စာရင်းကိန်းဂဏန်း အချက်အလက်များနှင့် သစ်တောကဏ္ဍကုမ္ပဏီများမှ ကောက်ခံရရှိသော စာရင်းကိန်းဂဏန်းအချက် အလက်များကို တိုက်ဆိုင်စစ်ဆေးထားပါသည်။ သစ်တောဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စသည့်အစိုးရဌာန/အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် ကုမ္ပဏီ (၂၇) ခုက ယင်းသစ်တောကဏ္ဍအစီရင်ခံစာများ ပြုစုထုတ်ပြန်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ခဲ့ကြ ပါသည်။
ရုံးအမှတ် (၂၆)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
ဘဏ္ဍာရေး၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ
သုခမိန်လမ်း၊ နေပြည်တော်
၀၆၇-၃၄၁၀၅၃၃