ဤအစီရင်ခံစာတွင် EITI ၏ လုပ်ငန်းစဉ်တစ်ခုအဖြစ် မြန်မာနိုင်ငံ၏ တွင်းထွက် သယံဇာတတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများမှရရှိသည့် အခွန်နှင့် အခွန်မဟုတ်သော ဘဏ္ဍာငွေများအား တိုက်ဆိုင်ညှိနှိုင်းသည့် အချက်အလက်များအား အနှစ်ချုပ်တင်ပြ ထားသည်။ ထို့အပြင် ဤအစီရင်ခံစာတွင် တွင်းထွက်သယံဇာတတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီများထံမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOE) များမှ ကောက်ခံရရှိသော ဘဏ္ဍာငွေများနှင့် ၎င်းလုပ်ငန်းများမှ ပြည်ထောင်စု ဘတ်ဂျတ် ဘဏ္ဍာသို့ အကျိုးပြုထည့်ဝင်သည့် ငွေစီးဆင်းမှုတို့ကို တိုက်ဆိုင်ညှိနှိုင်း တင်ပြချက်များလည်းပါဝင်သည်။
မြန်မာနိုင်ငံ EITI MSG သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့က ၂၅ ကြိမ်မြောက် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ အစည်းအဝေး တွင် သဘောတူညီခဲ့သည့်အတိုင်း လက်ရှိတိုက်ဆိုင် ညှိနှိုင်းခြင်းလုပ်ငန်းစဉ်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍခွဲ (၃) ခု၊ ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍ၊ အခြားတွင်း ထွက်သတ္တုများနှင့်ပုလဲ စသည့် ကဏ္ဍများအား လွှမ်းခြုံထားပါသည်။
ရုံးအမှတ် (၂၆)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
ဘဏ္ဍာရေး၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ
သုခမိန်လမ်း၊ နေပြည်တော်
၀၆၇-၃၄၁၀၅၃၃